8:21

1.9K 310 0
                                    

8:21
Ver_vain

" ပိုင်နျူ သူ့အခြေအနေ ဘယ်လိုလဲ "

နား ၊နှာခေါင်း ၊လည်ချောင်း စသည့် ခန္တာကိုယ်တစ်ခုလုံးရဲ့နေရာလွတ်မကျန် စစ်ဆေးပြီးသွားပြီဖြစ်တဲ့ ပိုင်နျူရဲ့အဖြေက ယုံကြည်မူအပြည့် ရိုးရှင်းစွာပင်

" ကျွန်တော်မျိုးမ မသိကြောင်းပါ "

အရှင်ကြီးက သူကြိုတင်သိထားသည့် အဖြေတစ်ခုကိုကြားလိုက်ရသလို စိတ်လှုပ်ရှားခြင်းတောင်မပြသဘဲ တည်ငြိမ်စွာဖြင့်ခေါင်းငြိမ့်လိုက်သည်။

" သို့ပေမဲ့အရှင်ကြီး ဒီလူရဲ့လက်သည်းတွေနဲ့နှုတ်ခမ်းတွေပြာနှမ်းနေပုံအရ အဆိပ်မိနေတဲ့ပုံပေါ်ပြီး ခန္တာကိုယ်ရဲ့အချို့နေရာတွေက ပြင်းထန်တဲ့စွမ်းအားတစ်ချို့ဆွဲငင်ခြင်း ခံထားရပြီး ဒဏ်ဖြစ်နေပုံအရ ဒီလူက မကြာသေးမီအချိန်အတွင်းကပင် အဆင့်တတ်ထားတဲ့ပုံရပါတယ် "

နတ်ဆိုးအရှင်ကြီးက ခုနကထက်ပိုကျေနပ်သွားပုံရပေမဲ့မုရွယ်ရဲ့မျက်နှာကတော့ လငပုပ်ဖမ်းသလိုမည်းမှောင်နေသည်။ ပိုင်နျူဒီလောက်သိမယ်လို့သူ မယုံကြည်ထားခဲ့ ။

" အရှင်ကြီးဒီလူ့အကြောင်းသိချင်ရင် သူ့သိုလှောင်လက်စွပ်ထဲဝင်ကြည့်ရင်ပိုကောငိးလောက်ပါမယ်။ ပိုင်ရှင်က အားနည်းမေ့လျော့နေတာဆိုတော့သိုလှောင်လက်စွပ်ထဲကအကာအကွယ်တွေလည်း အားနည်းနေလောက်ပါတယ် ။

အရှင်ကြီးက ပိုင်နျူပေးတဲ့လက်စွပ်ကို လှမ်းယူလိုက်ပြီးနောက် ပိုင်နျူကပင်ထပ်၍

" ဒီခန္တာကိုယ်ကအဆိပ်တွေ ပြန့်ပွားနှုန်းနှေးကွေးအောင်ကျွန်တော်မျိုးမလုပ်ထားပေးလိုက်ပါ့မယ်။သို့ပေမဲ့ အမြန်ဆုံးသတိရလာဖို့ကတော့ ဒီလူရဲ့တာဝန်ပါဘဲ "

" ကောင်းပြီ " နတ်ဆိုးအရှင်ကြီးက ပိုင်နျူရဲ့အဖြေကိုကြားသည်နှင့် ချက်ချင်းပင်အကျဥ်းထောင်
ထဲမှထွက်ခွာသွားတာကြောင့် မုရွယ်ပါ အရှင်ကြီးအနောက်သို့လိုက်လာခဲ့သည်။

" မုရွယ်မင်းက ကုတင်ပေါ်မှာလဲနေတဲ့လူကိုစောင့်ရှောက်ဖို့နေခဲ့ "

" အရှင်ကြီးကရော... "စကားတစ်ခွန်းမျှထပ်မပြောဘဲ သူ့ဘက်ကိုမျက်လုံးနီကြီးနဲ့စိုက်ကြည့်လာတဲ့အရှင်ကြီးကြောင့် မုရွယ်အနောက်သို့ ခြေလှမ်းနှစ်လှမ်းလောက်ဆုတ်လိုက်သည်။

Resinner : Resystem ( Complete )Where stories live. Discover now