9:12

1.5K 225 17
                                    

" ကျေးဇူးတင်ပါတယ် အစ်ကို အေ "

"Forestnight က နာမည်​ဖြစ်တဲ့ အေ အစား
ဒုရဲအုပ် အေရိပ်ငြိမ် လို့ဘဲ ခေါ်ပေးပါ ကိုယံနောင် "

" ကောင်းပါပြီ "

ရဲအရာရှိဝတ်စုံကို ဝတ်ဆင်ထားသည့် အေ က
အပြင်လောကတွင် ဒုရဲအုပ် တစ်ယောက်ဖြစ်နေသည်။ Forestnight club ရဲ့ တည်ထောင်သူက
ဒုရဲအုပ်တစ်ယောက်တဲ့ ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ ဒီအချိန်မှာမှလာ တွေ့ခဲ့သည်။ ထောင့်ကျအောင် မီးပူထိုးထားသော ယူနီဖောင်းကို ဝတ်ဆင်၍ဆံပင်ကို ခွဲကြောင်းနှင့်အညီသပ်ရပ်စွာ ပုံသွင်းဖြီးသင်ထားသည့် ဒုရဲအုပ် အေရိပ်ငြိမ်က Forestnight Club မှ ဂီတာလေး တစ်ဒေါင်ဒေါင်တစ်ဒင်ဒင်တီးကာ အားလုံးအတွက် သီချင်းဆိုပေး
တတ်သော အစ်ကိုအေ နှင့် ခြားနားနေသည်။ တူညီတာဆို၍ ဖော်ရွေမူရှိသည့် မျက်နှာအမူအရာသာ ။

" ဒီနေရာမှာ ကိုယံနောင်တို့ကို
တွေ့ရမယ်လို့ မထင်ထားဘူး "

အေရိပ်ငြိမ်မှ avi ကိုကြည့်၍ ထိုစကားကို ပြောလာသော်လည်း သူ့ရဲ့နာမည်မပါဝင်ခဲ့ ။

" Forestnight မှာ ကျွန်တော့်နာမည်က ငြိုးမာန်ဆိုပေမဲ့ အပြင်မှာတော့ ဉာဏ်ကောင်းမြတ်အောင်လို့ ခေါ်ပါတယ် "

Avi ဘယ်လက်ကို အရှေ့ထုတ်လျက် လက်ဆွဲနှုတ်ဆက်မူ ပြုလုပ်ရန်အတွက် ခြေတစ်လှမ်းတိုးကာ အရှေ့သို့ကမ်းပေးလိုက်သည်။ အေရိပ်ငြိမ်မှ avi ရဲ့ နှုတ်ဆက်သည့်ဘယ်လက်ကို သူ့ရဲ့ ဘယ်လက်ဖြင့် ကိုင်ကာ အပေါ်အောင် လှုပ်ခါလိုက်သည်။ ( အပြင်မှာ လက်ဆွဲနှုတ်ဆက်ကြတဲ့ပုံစံမျိုး ဘဲ ၊ မရေးတတ်တော့လို့ )

" ဦးဉာဏ်ကောင်းမြတ်အောင် ၊ တကယ့်ကို ခေါ်ရထောက်တဲ့ နာမည်တစ်ခုဘဲ "

" ဒုရဲအုပ် အေရိပ်ငြိမ် လောက်တော့ နာမည်
ဘယ်လှပါ့မလဲ "

Avi ရဲ့ပြန်တုံ့ပြန်စကားကြောင့် အေရိပ်ငြိမ် ရယ်ကာ နှုတ်ဆက်ပြီးသွားပြီဖြစ်တဲ့အတွက် သူ့ရဲ့ ဘယ်လက်ကို ထုတ်ကာ အနောက်သို့ ရုတ်သွားသည်။
Forestnight မှာတုန်းကအတိုင်း အေရိပ်ငြိမ်က ပေါင်းသင်းလို့ကောင်းသည့် သူတစ်ယောက်ပင် ။

Resinner : Resystem ( Complete )Where stories live. Discover now