9:8

1.4K 238 1
                                    

9:8

" ဒီနေ့က သင်တန်းနောက်ဆုံးနေ့ဖြစ်တဲ့အတွက် ကျွန်တော်ဘာမှတော့ ထူးထူးခြားခြား ပြောစရာမရှိပါဘူး အားလုံးဘဲ ... အကောင်းဆုံးကြိုးစားကြပါ "

Avi စကားပြီးသည့်နှင့် သင်တန်းသားများအားလုံး လက်ခုပ်တီးလိုက်ကြသည်။ သင်တန်းနောက်ဆုံးနေ့ဖြစ်တာကြောင့် စာမေးပွဲဖြေရမည်ဖြစ်ပြီး avi ကတော့ ထိုစာမေးပွဲခန်းထဲကို ကြီးကြပ်ရတဲ့ တစ်ဦးတည်းသော သူဖြစ်သည်။ စာမေးပွဲ ဖြေခိုင်းသည့်ပုံစံက ရိုးရှင်းသလို အချိန်လည်း ပေးရသည်။ ကျောင်းသားတစ်ယောက်ချင်းဆီကို စာမေးပွဲ စစ်မေးသည့်အခန်းအတွင်းသို့ခေါ်ကာ မေးခွန်းများ မေးရသလို လက်တွေ့လုပ်ဆောင်ခြင်းကို ကြည့်ပြီး အမှတ်ပေးရသည်။ တစ်ယောက်ပြီးတစ်ယောက် မထပ်အောင် မေးခွန်းတွေမေးရ၏ ။ ကံကောင်းသည်မှာ avi တာဝန်ယူရသည့် သင်တန်းသားက လူနည်းစုသာဖြစ်၍ပင် ။

Avi ဖိုင်ထဲရှိအမှတ်ပေးစာရင်းအလွတ်၏ ထိပ်ဆုံးတွင်ရှိသော နေရာလွတ်တွင်ရေးထားသည့် ညီလင်းဆိုသည့်နာမည်ဖတ်အပြီးတွင် အခန်းထဲသို့စာမေးပွဲဖြေဆိုရန် ညီလင်းရောက်လာတာကြောင့် avi ဖိုင်ကိုပိတ်လိုက်သည်။စာမေးပွဲ ဖြေရန် နောက်ဆုံးကျန်နေသည့်ညီလင်းက avi ဆီသို့ ကြက်သီးထဖွယ် အပြုံး
တစ်ခုအား ပေးကမ်းလိုက်သည်။ avi
မသိကျိုးကျွန်ပြုလျက် စာမေးပွဲကိုသာ ပြီးဆုံးအောင်စစ်ပေးလိုက်သည်။ ညီလင်းအရှေ့က ဖြေဆိုသည့် တစ်ယောက်ဖြစ်သော ဘုန်းမြတ် ကြောင့် အစောပိုင်းက avi တော်တော်လေး ကို စိတ်ရှုပ်နေရပြီဖြစ်​ပြီး
ယခုတွင်မူ ထပ်မံပြီးဖြေဆိုသည့်သူက ညီလင်း ။

စာမေးပွဲ ဖြေနေစဥ်တောက်လျှောက်တိတ်တိတ်နေရမည့်အစား သေဆုံးသွားခဲ့သည့် ပန်သီအကြောင်းကို တသ,သလွမ်းဆွတ်ကာ အစဆွဲထုတ်လျက် ပြောပြနေသည်။ သည်းမခံနိုင်သည့်နောက်ဆုံးတွင် စာမေးပွဲစည်းမျဥ်းနှင့်ကိုင်ပေါက်လိုက်ကာမှ ပန်သီအကြောင်း တရစပ်ပြောနေသည့် ပါးစပ်ပေါက်က ပိတ်သွားခဲ့သည်။ သို့သော် ညီလင်းရဲ့မျက်နှာထက်ရှိ လှောင်ထေ့ရယ်မူနှင့် စိတ်ပျက်ဖွယ်အကြည့်များကိုတော့ စာမေးပွဲစည်းမျဥ်းအား ကိုင်ပေါက်၍ ပိတ်ဆို့လို့မရခဲ့ ။

Resinner : Resystem ( Complete )Where stories live. Discover now