5:1

8.9K 1K 61
                                    


ခန့်ငြားပြီး ကြီးကျယ်လှပတဲ့
မီးဆိုင်းတွေကြောင့် မျက်လုံးကျိန်းမတတ်
လင်းချင်းနေသည့် စာသင်ခန်းတစ်ခု။ ထို့နောက်သူ့ရဲ့မျက်နှာမှာ ခိုးလို့ခုလုဖြင့် ခံနေသော ကိုင်းကြီးကြီး မျက်မှန်တစ်လက် ၊
အခုလက်ရှိသူသည်တစ်ခန်းလုံးမှာရှိတဲ့ လူတွေအားလုံးရဲ့ ဝိုင်းကြည့်ခြင်းကိုခံနေရသည်။

' One ငါ့ကိုအချက်အလက် တွေထည့်ပေးတော့ '

ထိုးဖောက်ဝင်ရောက်လာသည့် မှတ်ဉာဏ်တွေနဲ့အတူ လက်သီးကို တင်းတင်းဆုပ်လိုက်ရသည့်အထိ အတွင်းထဲကလောင်မြိုက်လာတဲ့နာကျင်မူက Avi ကို သည်းမခံနိုင်အောင်ထိုးဆွပေးနေသည်။

' ငါဘယ်တော့အခါကျမှ ဒီချီးလိုဟာတွေ နာကျင်တာကိုရပ်နိုင်မှာလဲ '

ဒီကမ္ဘာရဲ့ဇာတ်ကြောင်းကိုလည်း သူအသင့်လက်ခံပြီးဖြစ်သည်။ဒီကမ္ဘာမှာ နော့ဂ်မျိုးနွယ် ၊ လူသားမျိုးနွယ် သွေးစုပ်ဖုတ်ကောာင်မျိုးနွယ် နဲ့ သမန်းဝံပုလွေဆိုပြီး မျိုးနွယ်စုလေးစုခွဲထားတယ်။
နော့ဂ် မျိုးနွယ်က စုန်းတွေနဲ့သက်ဆိုင်တဲ့ မျိုးနွယ်ဖြစ်တဲ့အလျောက် သေမျိုးတွေဖြစ်သည့်တိုင်အောင် Vampire တွေနဲ့
Werewolf တွေကြားမှာ သင့်တင့်အောင်နေထိုင်နိုင်ကြပြီး နှစ်ဖက်စလုံးနဲ့အဆင်ပြေသော ကြားနေပုံစံမျိုးဖြင့် နေကြသည်။
ရိုးရှင်းလှတဲ့ သာမန်လူသားမျိုးနွယ်ကတော့ ထိုမျိုးနွယ်စု သုံးစုနဲ့ကင်းအောင် အဝေးဆုံးမှာ ပြောင်းရွေ့နေထိုင်ကြသည်။
ပြောရရင် လူသားမျိုးနွယ်စုက တစ်နေရာ ၊အခြားမျိုးနွယ်စုတွေက တစ်နေရာဆီသီးသန့်ခွဲနေကာ ငြိမ်းချမ်းခြင်းနှင့်ချစ်ကြည်ရေးကို ဆက်လက်ဖော်ဆောင်နေကြသည်။

ဒီကမ္ဘာရဲ့ဇာတ်လိုက်က Vampire မျိုးနွယ်စုရဲ့ဆက်ခံသူ တစ်ယောက်ဖြစ်ပြီး ရှေးဟောင်းမျိုးနွယ်ရဲ့သွေးလည်း စောစီးစွာ​နိုးထခဲ့ပြီးပြီ ဖြစ်သည်။ထို့ကြောင့်ပင် ဒီကမ္ဘာရဲ့ ဇာတ်လိုက် ဖြစ်ခဲ့ခြင်း။

ဇာတ်လိုက်မကတော့ Magician တစ်ယောက်ဖြစ်ပြီး White Magician တွေထဲမှာအတော်ဆုံးနှင့် စိတ်ထားက ကြာပန်းလေးလို
ဖြူစင်သည့် ကောင်မလေးတစ်ယောက်
ဖြစ်သည်။

Resinner : Resystem ( Complete )Where stories live. Discover now