8:8

2.1K 415 19
                                    

Arc 8:8
Ver_vain

ထိုနေရာနဲ့တစ်ဖြည်းဖြည်းနီးကပ်လာသည်
နှင့်အမျှမိစ္ဆာအငွေ့အသက်တွေအပြင် အခြားသောအားနည်းနေသည့် မတူညီသော ချီစွမ်းအင်တွေနှင့်အတွင်းအားကျင့်စဥ်တွေပါ ခံစားလိုက်ရသည်။

သေချာသလောက်ဆိုရင် ဒါက ကျင့်ကြံသူတွေနှင့်မိစ္ဆာအကြား အားပြိုင်နေသည့် တိုက်ပွဲ တစ်ခု ဖြစ်နိုင်လောက်မည်။ Avi လုရှောင်းယန်နောက်သို့လိုက်ရင်း တစ်ဖက်မှ တားဆီးထားသည့်အကာအရံစည်းကိုကျော်သွားသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်သံတွေနဲ့အတူ ဗုံးကဲ့သို့ ပေါက်ကွဲသံပါ ကြားလိုက်ရသည်။

ဒီတိုက်ပွဲကို အပြင်ရှိ သာမန်လူတွေ မသိအောင်လို့ ကျင့်ကြံသူတွေက အတားအဆီးချထားသည့်ပုံရသည်။ လုရှောင်းယန် ဝင်သွားသည့် ရှုပ်ယှက်ခတ်နေသော တိုက်ပွဲ၏ အလယ်တွင် လေထဲမှာပျံဝဲနေသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထိုပုံရိပ်က ဘာလဲဆိုတာကို Avi ခွဲ ခြားပြီးသိလိုက်တဲ့အချိန်တွင် သူ့ရဲ့ဆိုးရွားလှတဲ့ ကံတရားကိုသာ အပြစ်ဖို့နိုင်တော့သည်။ ထို လေထဲမှာ ပျံဝဲနေတာက ဇာတ်လိုက်မရဲ့ ပေါင်ပေါင်လို့ခေါ်သည့်သားရဲ ဖြစ်ပြီး အခု သူဝင်ရောက်လာသည်က ဇာတ်လိုက်မ သူ့ကို ပါဝင်တိုက်ခိုက်ပေးဖို့ပြောသည့် ခွန်အားကြီးကြေးမြင့်မိစ္ဆာကောင်ရဲ့ တိုက်ပွဲ ဖြစ်လောက်မည်။

ရှုပ်ထွေးပွေလီနေသည့် လူတွေကြားထဲ သူ
လုရှောင်းယန်ကိုရှာကြည့်လိုက်တော့ ဇာတ်လိုက်မနဲ့ တွေ့နှင့်ပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရသေးသည်။ Avi တိုက်ပွဲအခြေအနေကို လေ့လာလိုက်တော့ ကျင့်ကြံသူတွေဘက်ကရှုံးနိမ့်နေတာကို မြင်လိုက်ရသည်။ ထို မိစ္ဆာဘက်ကနေ သူ့ရဲ့ လက်အောက်ငယ်သားမိစ္ဆာငယ်လေးတွေပါ ပါလာလိမ့်မယ်လို့ ဇာတ်လိုက်မ ခန့်မှန်းထားသည့်ပုံမပေါ်။
အမှန်တကယ် ဇာတ်ကြောင်းတွင်လည်း ထို လက်အောက်ငယ်သားလေးတွေမပါဘဲ ထို ခေါင်းပေါ်တွင်ချိုတစ်ချောင်းရှိသည့်အရုပ်ဆိုးဆိုးမိစ္ဆာနှင့်သာ တိုက်ခိုက်ခဲ့ရတာဖြစ်သည်။

ဇာတ်လိုက်မပုံစံကြည့်ရတာ ချီစွမ်းအင် သုံးစွဲမူများလာတာကြောင့် ပင်ပန်းလာသည့်ပုံရပြီး အစီအရင်ရေးဆွဲသည့်သူလို့ထင်ရတဲ့အပြာရောင်အင်္ကျီဝတ်ထားသည့်  လူငယ်တစ်ဦးက လေးဘက်လေးလံတွင် ဝင်္ကပါ ပုံစံဖြင့် သိုလှောင်အိတ်တွင်ထည့်ထားသောပုံစံမတူသည့် အလံတိုင်စိုက်ပြီးနောက် ဗဟိုချက်ကို ထိခတ်ကာ စည်းအတွင်းရှိ တိုက်ခိုက်နေကြသော ကျင့်ကြံသူတွေကို ချီစွမ်းအင်ကုန်ဆုံးမူကြောင့် မောပန်းမူမဖြစ်စေရန်အတွက် အကာအရံလုပ်နေသည်။

Resinner : Resystem ( Complete )Where stories live. Discover now