8:40

1.8K 295 5
                                    

သူမေ့နေခဲ့တာ ၊ ဝူထျန်းရီ ရွယ်လုံအနားမှာ ရှိမနေရင်တောင်မှ ရူးသွပ်နေသည့်ရွယ်လုံက avi ထက်များစွာ ပိုပြီး အင်အားရှိနေတုန်းပင်။ချီကမောက်ကမ ဖြစ်ကာ ရူးသွပ်နေသည့်
ရွယ်လုံ ပြီးတော့ ထို ရူးသွပ်နေသည့်သူရဲ့နောက်ကျောကို ဓားဖြင့်ထိုးရန် လုပ်နေသော avi ။

သူ့ကိုသတ်ဖို့အတွက် ရောက်လာမှန်း သိသည်နှင့် နတ်ဆိုးဘုရင်ထံမှ အန္တာရာယ်အရိပ်အငွေ့တွေထွက်ပေါ်လာပြီး avi ဆီသို့တဟုန်ထိုး ဦးတည်ရာမရှိ တိုက်ခိုက်နေတာကြောင့် avi ရှောင်ရှားကာ နတ်ဆိုးဘုရင်ကို ဓားဖြင့် ထိုးလို့ရနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေရသည်။

< ကောင်းကင်ဘုံရဲ့အငွေ့အသက်တွေ ရှိနေသေးတဲ့ ပြာမဲ့စွန့်ပစ်သချိုင်းဂူကို မိစ္ဆာနယ်မြေထဲကို နေရာရွှေ့ပြောင်းဖို့လုပ်တယ် ၊ သန့်စင်တဲ့ မြင့်မြတ်တဲ့အဆောင်လက်နက်တွေက မိစ္ဆာနယ်မြေထဲ ပြောင်းရွေ့ခံရတော့ ဘယ်လိုဖြစ်သွားမယ်ထင်လဲ။
မအောင်မြင်ဘဲ ဒီနေရာ တစ်ခုလုံးကို ရွှေ့ပြောင်းခံရတဲ့ ကောင်းကင်ဘုံအဆောင်လက်နက်တွေက ဖျက်ဆီးလိမ့်မယ်။ ဒီအကြောင်းကို ကြိုတွေးထားတဲ့ လွီရီဝေက ကျန်းရီမော့ကို ခေါ်ပြီး အဝေးကို ထွက်ခွာဖို့အတွက် အကုန်လုံး ပြင်ဆင်ပြီးသားဖြစ်နေလိမ့်မယ် ။ ပြီးတော့ လွီရီဝေ ထွက်သွားတာနဲ့ ဒီနေရာမှာရှိတဲ့ မိစ္ဆာတွေနဲ့ကျင့်ကြံသူတွေပါမချန်အကုန်လုံး ပြာအဖြစ်နဲ့သာ နောက်တစ်ကြိမ်ပြန်တွေ့နိုင်လိမ့်မယ်  >

ရွယ်လုံနှင့် တိုက်ခိုက်နေစဥ် ထွက်ပေါ်လာသည့် အသံကြောင့် avi တိုက်ခိုက်မူမှာ ပိုပြီးအားထည့်လိုက်သည်။

' ဘာတွေလဲ '

< သိပ်မကြာခင် ဒီနေရာမှာ ဖြစ်လာတော့မည့် အရာတွေကို ပြောပြတာလေ >

' မင်းခန့်မှန်းတဲ့အတိုင်း ဖြစ်လာမယ်ပေါ့ အဲ့လိုလား '

< ခန့်မှန်းတာမဟုတ်ဘူး ၊ ဖြစ်ကိုဖြစ်မှာ >

ရွယ်လုံကို လိုက်ရှာနေသည့်ဝူထျန်းရီက aviနှင့် ရွယ်လုံအတူတူ ရှိနေတာကို မြင်လိုက်သည်။ သို့သော် ဆောက်တည်ရာမရ ဝါးမြိုနေသည့် မြေသားထုနှင့်အတူ ရှိသမျှအကုန်တိုက်စားသွားနိုင်သည့် လေထုကြောင့် ချက်ချင်းတော့ avi တို့အနား မရောက်လာနိုင်သေးပေ။

Resinner : Resystem ( Complete )Where stories live. Discover now