10:11

783 158 6
                                    

Arc 10:11

" ငါတို့ Zole ရဲ့နယ်မြေထဲကိုသွားမဲ့အစား Zole ကိုအပြင်ရောက်အောင်မြှားခေါ်လိုက်ရင်ရော "

အနည်းဆုံးတော့ Zole က သူ့ကိုလာရှာပေးမှာပေါ့ ။

" သူ့နယ်မြေထဲမှာ ရန်သွားစတာမှ
ပျော်ဖို့ကောင်းမှာပေါ့ "

" သြော်...သြော် "

Aviဘာမှမပြောဘဲ ဆိတ်ဆိတ်သာ နေပြီး လိုက်လာခဲ့တော့သည်။ Vena ရဲ့စီးတော်ယာဥ်ကြီးက တာဝန်ကျေစွာ သူတို့နှစ်ယောက်အား ထမ်းပိုးလျက် အလင်းနတ်ဘုရား Zole ၏ နယ်မြေဆီသို့ပို့ဆောင်ပေးနေသည်။Vena ကမူ လေတချွန်ချွန်ဖြင့်
ပျော်ရွင်နေသယောင် ။

"ငါထင်တာတော့ အိမ်ကွင်းထက် အဝေးကွင်းက ပိုကောင်းမလားလို့ "

" ဘာလဲ သတ္တိကြောင်နေတာလား Lynx "

" လုံးဝပဲ "

Avi ရယ်မောကာပြောလိုက်သည် ။Vena ကတော့ ကောင်းကင်ထက်မှာ ပျံသန်းရင်း တစ်ချက်တစ်ချက် သီချင်းညည်းတတ်သည်။ ဝေဟင်မှာပျံသန်းရတာ အချိန်တစ်ခုတောင် မကြာသေး ၊ ကောင်းကင်ရှိတိမ်တိုက်တွေကြားထဲမှာပင် ကျွန်းစုသေးလေးတစ်ခုကိုတွေ့မြင်လိုက်ရသည်။ ထိုကျွန်းစုလေးသည် လေတွင်မြောပါနေသည့်တိုင်အောင် တိမ်တိုက်များကြား စိမ်းလန်းသော သစ်ပင်များဖြင့် ဝန်းရံခြင်းခံထားရပြီး အလယ်တွင် တသွင်သွင်စီးနေသော စမ်းချောင်းကလေးလည်းရှိသည်။ ဘယ်လောက်တောင် လှပလိုက်လဲဆိုလျှင် အဝေးတွင် ကြည့်နေရသည်တောင်မှ ထိုကျွန်းစု၏ စိမ်းလန်းမူကို အတိုင်းသား မြင်နိုင်သည့်အထိပင်။ပင်လယ်၏အလယ်တွင် သီးခြားရှိနေသော လူနေကျွန်းစုလေးအလား တိမ်တိုက်များ၏အလယ်တွင် သီးသန့်ဖြစ်ပေါ်နေသည်။

Avi မနာလိုဖြစ်သွား၏ ။ သူသည်တောင်မှ နေရာအတည်တကျမရှိ လှည့်လည်သွားလာနေရသည့်အချိန်တွင် ဤ သူတော်ကောင်းယောင်ဆောင်ထားသည့် Zole ကမူ ကိုယ့်ကျွန်းကိုယ့်ယာဖြင့် ပျော်ပျော်ရွင်ရွင်နေထိုင်နေရသည်။ ဘယ်လောက်တောင် စိတ်ပျက်ဖွယ်ရာပါလဲ ။

Vena ထိုကျွန်းပေါ်သို့ မဆင်းသက်ခင်မှာ အလင်းလုံးကြီးတစ်လုံးပေါ်ထွက်လာပြီး သူတို့ရှေ့တွင် ရောင်ခြည်ဖြာကျလာသည်။ Vena က တိုက်ခိုက်ရန် အသင့်ပုံစံ ပြင်ထားတာကြောင့် Avi ပါ အမှောင်ထုကို လက်တွင်အသင့်ကိုင်ဆောင်ထားရသည်။
Vena မှ

Resinner : Resystem ( Complete )Where stories live. Discover now