8:34

1.6K 301 1
                                    

8:34

စိတ်ညစ်ဖွယ်ကောင်းလောက်အောင်
ဖြတ်သန်းခဲ့ရတဲ့ ရက်တွေက တကယ်ကို စိတ်ပျက်စရာပင်။ စိတ်ပျက်တယ် ၊ စိတ်ပျက်တယ် ၊ စိတ်ပျက်တယ်လို့ ဘယ်နှစ်ကြိမ်လောက် အော်ဟစ်နေပါစေ ဘာမှ မထူးခြားခဲ့ ။ ပြတင်းပေါက်အပြင်မှာ နှင်းဖွဲလေးများ တစ်ဖွဲဖွဲကျနေပြီး နှင်းတွေကိုချစ်တဲ့ avi အတွက်ရူးချင်စဖွယ်ကောင်း လောက်အောင်ကို လှပလွန်းသည်။သို့သော်ငြား နှင်းတွေထက် ပိုပြီး ရူးသွပ်စရာ ကောင်းလှသည့် အကြောင်းလည်း avi ဆီမှာ ရှိနေ၏ ။ သူ ဒီလှပသော နေရာမှ လုံးဝ ထွက်ခွာ၍မရခြင်း ၊ သူဘယ်လိုပင် ကြိုးစားပြီး ထွက်ခွာဖို့ လုပ်ဆောင်ပါ စေ ဒီအထဲ၌သာ
ပြန်လည် ပိတ်မိနေသည်။

အခုသူရောက်နေသည့်နေရာ က အခြား မဟုတ်၊
ရှစ်စွမ်းပေးသွားသည့် စွမ်းအင်အဆင့် တတ်ဖို့အတွက် လေ့ကျင့်ဖို့ ပေးသွားခဲ့သည့် နှင်းဖန်လုံးလေးထဲ၌ ဖြစ်သည်။ အပြင်ဘက်က အချိန်ကုန်ဆုံးမူထက် နှင်းဖန်လုံးထဲက အချိန် ကုန်ဆုံးမူက ကွာခြားသော်ငြား ဒီအထဲ၌ အချိန်တစ်ခုထိ လှောင်ပိတ်နေပြီ ဟု ခံစားမိရသည့်သူတိုင်း ဘယ်လိုမှ စိတ်အေးနိုင်မည်မဟုတ် ။သူ အပြင်သို့ထွက်ဖို့အတွက် ပုံစံ မျိုးစုံ ကြိုးစားခဲ့သည်။သို့သော်
အချည်းနှီးသာ ။

သူ ဒီထဲသို့ မဝင်ခင်အချိန်စပ်ကြား တွင် ရှစ်စွမ်းနှင့် ဆရာတူအစ်ကိုမှ မိစ္ဆာဂိတ်ဝသို့ သွားနှင့်ပြီး ဖြစ်ပြီး
အတင်းအကြပ် လိုက်မည်လုပ်နေသော် avi ကိုတော့ အချိန်ခဏအထိ အနားယူစေပြီးမှ သူတို့နောက်
လိုက်လာခိုင်းခဲ့သည်။ ထို အနားယူခိုင်းခဲ့သော
အချိန်ခဏအတွင်း ရှစ်စွမ်း ပေးခဲ့သည့် နှင်းဖန်လုံးလေးထဲ စမ်းသပ်ဝင်ရောက်ကြည့်ခဲ့ပြီး အပြင်သို့ပြန်ထွက်၍ မရတော့ခြင်း ။ ဒီနေရာသည် ကျင့်ကြံရန်အတွက် အလွန်ပင်အဆင်ပြေလှပါသော်လည်း စာမကျက်ချင်သည့်ကလေးကိုအတင်းစာကျက်ခိုင်း၍မရသကဲ့သို့ ကျင့်ကြံချင်စိတ်မရှိသည့်သူအား မည်သို့လုပ်လုပ် ကျင့်ကြံမည်မဟုတ်ပေ။ ဒါဟာ အမှန်တရားပင်။

တစ်ခါတစ်လေ one နှင့် စကားပြောဖြစ်ပါသော်လည်း တစ်ခါတစ်လေမျှသာ ။
တစ်ခါတစ်ရံကျတော့ one က ပျောက်ကွယ်သွားပြီး
ဌာနချုပ်က ဟာကြီးက ရောက်ရောက်လာသည်။ အမှန်ကို စိတ်ရှုပ်စရာ ကောင်းလှသည်။

Resinner : Resystem ( Complete )Where stories live. Discover now