10:8

760 157 0
                                    

Arc 10:8

" အလုပ်ကို ဘာမှမသိဘဲ ကူညီပေးမယ်ဆိုပြီးလိုက်လာတာက တကယ်အလုပ်လုပ်မဲ့ အခြားသူကိုနှောင့်ယှက်သလိုပဲ "

" ငါက သင်လွယ် တတ်လွယ် "

" အပြောကတော့ကြီးပါ့ " ခပ်တိုးတိုးလှောင်ကာ ပြောလိုက်သည့် Ruu ရဲ့အသံက Avi နားထဲသို့တည့်တည့်ဝင်လာသည်။

" မင်း ငါမကြားဘူးထင်လို့ အဲ့လိုပြောတာမလား ၊ ဟုတ်တယ်မလား "

" တမင်ကိုပြောတာ "

Ruu က လမ်းလျှောက်နေရင်းဖြင့်ဘေးဘက်သို့စောင်းကြည့်ကာ

" အမေက ဘာလို့ ဒီအရှုပ်ထုပ်ကို ထည့်ပေးလိုက်လဲဆိုတာ နားမလည်ဘူး "

Avi ခါးကိုကုန်းကာ မြေကြီးပေါ်က မြက်တစ်ဆုပ်ကိုယူပြီး သူ့ကိုမကောင်းပြောနေသည့် Ruu ထံသို့ပစ်ပေါက်လိုက်သည်။

" မင်းအပြောအဆို အရမ်းရိုင်းတယ်ဆိုတာမင်းသိလား "

Ruu က ပခုံးတွန့်ကာ

" မတတ်နိုင်ဘူး ၊ ကျုပ်ကမွေးကတည်းက ဒီပုံပဲ "

Ruu ဖြေနေသည့်ပုံကိုကြည့်ကာ Avi လက်ညိုးထိုးရယ်လိုက်ချင်၏ ။ မူလRuu က ဒီပုံစံလုံးဝမဟုတ် ။မူလ Ruu က လွတ်လပ်ပေါ့ပါးစွာ နေတတ်သည်။ ဒီ Sinner ကောင်ကတော့ စိတ်မရှည်ထင်ရာဇွတ်လုပ်ပြီး အလကားနေအလကား ရိုင်းစိုင်းနေသည့်အကောင် ။ တစ်ခါတစ်ခါ သူဘာတွေးနေမှန်းကိုလည်း မခန့်မှန်းနိုင် ၊ ခန့်မှန်းရခက်သည့် ပုံမျိုးက စိတ်ရှုပ်စရာကောင်းသည်။

သတိမပေးဘဲAvi မျက်နှာသို့ မြက်တစ်ဆုပ်ဖြင့်ပြန်ပစ်ပေါက်သည့် Ruu ကို Avi ရှောင်လိုက်တာကြောင့် မြေကြီးပေါ်သို့ နောက်ပြန်ဖင်ထိုင်လျက်လန်ကျသွားသည်။ တော်သေးသည်က သူအချိန်မီ လက်ထောက်လိုက်နိုင်တာကြောင့်ရုပ်ပျက်ဆင်းပျက်ကြီးတော့ဖြစ်မသွားခဲ့ ။

" ဟားဟား!ဟား...ဟား !! " ခန္တာကိုယ်ကို ကွေးကာဗိုက်နှိပ်ရယ်နေသည့် Ruu ကို စိတ်ပျက်လွန်း၍ Avi တည့်တည့်တောင်မကြည့်နိုင် ။

" မင်း ! အရူးကောင်! "

" ဟားဟား!! "

မပြောမဆိုနှင့် Ruu သည် Avi ရဲ့ဘေးနေရာလွတ်မြက်ခင်းပေါ်တွင်
ဝင်ထိုင်လိုက်၏ ။

Resinner : Resystem ( Complete )Where stories live. Discover now