10:13

757 160 0
                                    

Arc 10:13

မြို့အစွန်ရှိ Cindy ပေါင်မုန့်ဆိုင်အရှေ့တွင်
Avi သတိလက်လွတ်ဖြင့် ထိုင်နေမိသည်မှာ အချိန်ဘယ်လောက်တောင် ကြာပြီမှန်းမသိ ။ သင်းပျံ့သော ပေါင်မုန့်ရနံ့သည် Avi အနားတွင်ရစ်ဝဲနေပြီး ထိုပေါင်မုန့်နံ့၏ ဆွဲဆောင်မူကြောင့်လားမသိပေမဲ့ ဆိုင်လေးထဲတွင် ဝယ်ယူသူလူများကြိတ်ကြိတ်တိုးစည်ကားနေသည် ။ အားနည်းလာသည့် သူ့ဝိညာဥ်စွမ်းအင်သည် Avi ကိုလှောင်ရယ်ကာ နေသည့်အတိုင်း Lynx ရဲ့ဝိညာဥ်ကို ငြိမ်သက်အောင် ထိန်းချုပ်နေရသည်။

' One ဒါငါ့ရဲ့နောက်ဆုံးကမ္ဘာမဟုတ်လား '

( ဟုတ်ပါတယ် )

' ငါ့တာဝန်ကလည်း Sinner Mission ကျရှုံးအောင်လုပ်ဖို့နဲ့ Zero ဝိညာဥ်အစိတ်အပိုင်းကိုယူဖို့ပဲ ရှိတာမဟုတ်လား '

( ဟုတ်ပါတယ် )

' ဒါပေမဲ့ငါ့ဝိညာဥ်ကတော့ အရမ်းအားနည်းနေပြီ '

( Host အခု သလင်းကျောက်လက်စွပ်ကို ပေးလည်း နောက်မကျသေးဘူး)

' နောက်ကျသွားပြီ '

(...)

' ငါ မင်းရတုပိုင် ရဲ့ဝိညာဥ်အစိတ်အပိုင်းတွေ ကို အနှိုင်းမဲ့သလင်းကျောက်လက်စွပ်ထဲပြောင်းထည့်လိုက်တယ် '

( Host ကျွန်တော်မသိအောင် ဘယ်အချိန်တုန်းကများ လုပ်လိုက်တာလဲ)

' ဓားကလည်း သိပ်မခံတော့ဘူးဆိုတော့
ငါလည်း မထူးဇာတ်ခင်းပြီး အဲ့လိုလုပ်လိုက်မိတာ ၊
မင်းရတုပိုင် ဝိညာဥ်အစိတ်အပိုင်းကို ယူဖို့ ငါ့မှာ အချိန်တောင် ရှိပါတော့မလားဘဲ '

' One '

'One '

လုပ်ပြီ။ မပြောမဆိုနဲ့ပျောက်သွားပြန်သည်။
ဒီကမ္ဘာသို့ရောက်ပြီးသည့်နောက် ဒါ One ပျောက်သွားတာ ပထမဆုံးအကြိမ်ဖြစ်သည်။ Avi သူ့ခန္တာကိုယ်က အနည်းငယ်ပင်ပန်းနေကြောင်း သိလိုက်၏ ။ ဒီကမ္ဘာကလည်း နောက်ဆုံး ကမ္ဘာမဟုတ်ပါလား ။ သူတတ်နိုင်သလောက် စိတ်ကို လျှော့ကာ နေလိုက်ချင်သည်။

သူဒီခုံတန်းရှေ့မှာ စိတ်ပျက်လက်ပျက်ထိုင်မနေခင်က သူအစီအရင်တစ်ခုကို လူသူရှင်းသည့် လမ်းကြားတစ်နေရာတွင် သွားဆွဲနေခဲ့တာဖြစ်သည်။ အလင်းနတ်ဘုရားကို ခေါ်ဖို့အတွက် ဟုသော ခေါင်းစဥ်ဖြင့် သူအစီအရင်များကို ချကာ လိုအပ်သည်များကိုလုပ်ဆောင်မည်ဟု ဆိုသည့်အချိန်တွင် avi ခေါင်းထဲတွင် ဘာမှမရှိ ဗလာချည်းသာ ဖြစ်နေကြောင်းသတိထားလိုက်မိသည်။ Zole ပိုင်တဲ့နယ်မြေထဲကနေ ဘယ်လိုကဘယ်လိုသူထွက်လာနိုင်မှန်း မသိသလို ယခုတစ်ခါ ဘယ်လိုပြန်သွားရမလဲဆိုသည်မှာလည်း စဥ်းစားရကြပ်သည်။

Resinner : Resystem ( Complete )Where stories live. Discover now