8:13

2K 364 7
                                    

8:13

Ver_vain

' one မင်းဒီထဲမှာ ဘာကြိုက်လဲ '

<<မင်းကို... >>

' အာ...ငါက ဈေးကြီးတယ်

<< မဟုတ္ဘူး...မင်းကဈေးအရမ်းပေါတယ် >>

One နဲ့သူ့ရဲ့စကားစ ပြတ်တောက်သွားပြီး နောက်ပိုင်းအန်းရိလုံ လေလံတင်သည့်
နောက်ထပ်ပစ္စည်းတစ်ခုက ငါးရောင်ခြယ်နတ်ဆေးပင် ။ဒီဆေးပင်က လွတ်ခဲ့တဲ့အနှစ်ငါးရာလောက်ကတည်းက ကျင့်ကြံခြင်းလောက မှာပျောက်ဆုံးသွားခဲ့သည့် အပင်တစ်မျိုး ။

"  ကျင့်ကြံခြင်းလောကမှာရော မိစ်ဆာနယ်မြေမှာပါ ပျောက်ဆုံးနေတာအနှစ်ငါးရာကျော်နေပြီဖြစ်တဲ့
ဒီငါးရောင်ခြယ်နတ်ဆေးပင်က အရိုး၊အရွက်၊အမြစ်၊အပွင့် တစ်ပင်လုံးမှာရှိတဲ့ဘယ်နေရာမဆို အသုံးချလို့ကောင်းတဲ့ အပင်ဆိုတာ 
အားလုံးသိပြီးသားဖြစ်ကြမှာသလို
ပြီးတော့ ဒီအပင်က မသေမျိုးအဆင့်မှာတင်
ကျင့်ကြံဆင့်ရပ်တန့်နေတဲ့သူတွေအတွက်ရော ၊ အဆင့်မြင့်ဆေးလုံးဖော်စပ်တဲ့အခါမှာရော ၊ ဒီအပင်ရဲ့အဆီအနှစ်က နဂါးသားရဲ အဆီအနှစ်နဲ့ အာနိသင်တူတယ်ဆိုတာကိုပါ သိကြမှာပါ ။နောက်ဆုံးအနေနဲ့ အဆင့်နဲ့အထက်၂ အဆိပ်ပညာရှင်တွေဖော်စပ်ထားတဲ့အဆိပ်တွေကလွဲလို့ ကျန်တဲ့အဆိပ်တွေကို ဖြေဆေးအနေနဲ့ဖော်လို့ရတယ်။ "

စိတ်ထင်တာဖြစ်မလားမသိပေမဲ့ အဆိပ်ဖြေဆေးအဖြစ်ဖော်စပ်လို့ရတယ်ဟုပြောသည့်အချိန် avi ရှိနေသည့်အခန်းကို အန်းရိလုံစိုက်ကြည့်ကာ ပြောလိုက်သလိုပင်။

ဒီငါးရောင်ခြယ်နတ်ဆေးပင်က ကျင့်ကြံခြင်းလောက က မပျောက်ကွယ်ခင်အချိန်တုန်းကပငိ တွေ့ရန်ရှားပါးတာဖြစ်ပြီး အဆင့်မြင့်သားရဲတွေစောင့်ရှောက်တာဖြစ်သည့်အတွက်အရယူရန်ပင်ခဲယဉ်းသည်။ ဒါပေမဲ့အခု နှစ်ငါးရာကျော်ပျောက်ကွယ်သွားသည့် ဒီငါးရောင်ခြယ်နတ်ဆေးပင်ကို
အန်းရိလုံဘယ်နေရာကများ ရရှိခဲ့တာလဲ။

ငါးရောင်ခြယ်နတ်ဆေးပင်ကို အန်းရိလုံ အထူးပြုလုပ်ထားသည့် သေတ္တာမှထုတ်လိုက်ပြီး အစ်အမှန်ဖြစ်ကြောင်းကိုပြသသည်။တစ်ပင်လုံး အစိမ်းရင့်ရောင်ရှိနေပြီးး ပွင်ဖတ်အဖြူများတွင် တောက်ပပြီးရွန်းလဲ့နေသော အနီ၊ အပြာ၊အနက် နှင့် ခရမ်းရင်းရောင်တွေက အစက်အပြောက်သဖွယ် ပွင့်ဖတ်တွေတွင်နေရာအနှံ့တည်ရှိနေပြီး မီးထိုးထားသည်နှင့်ပေါင်းစပ်လိုက်သောအခါ လေလံခန်းမတစ်ခုလုံးကို တောက်ပသောအလင်းရောင်တွေဖြင့် ဝန်းရံထားသလိုပင်။

Resinner : Resystem ( Complete )Where stories live. Discover now