10:20

779 139 0
                                    

Arc 10:20

Zole သူ့ရဲ့ဖျက်စီးခံထားရသော ကျောင်းဆောင်အား မျက်တောင်မခတ်ဘဲ ကြည့်လိုက်သည်။သူ့ရဲ့ပုံတူ ထုဆစ်ထားသည့် ရုပ်ထုမှာ မြေပြင်ထက် ကျိုးပျက်ကာ ပျက်စီးနေခဲ့သလို ကျောင်းဆောင်ကြမ်းပြင်တွင် ကျန်နေခဲ့သော အဖြူရောင်အဝတ်စများမှာ သူ့အားလှိုက်လှဲစွာ ကြိုဆိုနေသည်။

Zole သူ့ခြေရင်းရှိ အဝတ်ဖြူစတစ်စကို ကောက်လိုက်သည်။ ကိုးကွယ်ယုံကြည်သူများက သူတို့၏ မူလ ကိုးကွယ်ရာကို စွန့်ပစ်ပြီး အသစ်တစ်ခုသို့ ပြောင်းလဲကိုးကွယ်ခြင်းဆိုသည်မှာ ဖြစ်နေကျအရာတစ်ခုပင် ။ ယခုလည်း သူသည် ကိုးကွယ်ယုံကြည်သူတို့၏ စွန့်ပစ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။ အကြောင်းပြချက်ရေရေရာရာမရှိဘဲ သူ့ကို ကိုးကွယ်ခြင်းအား ဖယ်ရှားစွန့်ပစ်လိုက်ခြင်းပင်။

Zole ကျောင်းဆောင်၏ အပြင်ဘက်သို့ ထွက်ကာ ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မရှိတော့သော အလင်းနတ်ဘုရားကျောင်းဆောင်ကို မီးရှို့လိုက်သည်။ ဒီနေ့တစ်နေ့တည်းနဲ့ပင် သူကိုယ်တိုင်မီးရှို့လိုက်ရသည့်ကျောင်းဆောင်များကို ရေတောင်မရေတွက်မိခဲ့ ။

အစမှအဆုံးအကုန်တောက်လျှောက် သူသွေးအေးအေးနှင့် လုပ်ဆောင်ခဲ့ခြင်းပင် ။လက်တစ်ချက်မတွန့် မျက်မှောင်တစ်ချက်တောင် မကြုံ့ဘဲနဲ့ပေါ့ ။တစ်ခုကို
ကာကွယ်ဖို့အတွက် ပေးဆပ်ရသည့်တန်ဖို့သည် မှန်ကန်သည်ဟု သူယုံကြည်ထားသည်။မဟုတ်သေး ၊ ကာကွယ်ဖို့မဟုတ်ဘဲ သူသိချင်သည့်အကြောင်းကို အပြည့်အစုံသိချင်သည့်အတွက်ဟု ပြန်ပြင်ပြောရမည်။ တစ်စုံတစ်ယောက်ကိုကာကွယ်ရန်မဟုတ်ဟု သူ့ကိုယ်သူအကြိမ်ကြိမ်သတိပေးနေခဲ့သည်။

ပျက်စီးသွားသော တုပ်နှောင်မူတွေထဲမှ တစ်ခုတည်းသော ကျန်ရစ်နေခဲ့သည့် တုပ်နှောင်မူအား အာရုံခံလိုက်သည်။ ထိုသူရှိနေသည့်နေရာကို သိဖို့ရန်အတွက် ထို တုပ်နှောင်မူက အသုံးဝင်၏ ။

•••

ခန္တာကိုယ်က နောက်ထပ်အတားအဆီးတစ်ခုကျိုးပျက်သွားပြန်သည်။ ဆိုလိုသည်က Zole ခွန်အားနည်းလာသည်ဟူ၍သာ။ ခွန်အားနည်းလာသည့်အကြောင်းကို Zole ကိုယ်တိုင် သိဦးမည်မဟုတ်သေး ။ Avi သူ့ခန္တာကိုယ်ရှိအချုပ်တစ်ခု ပြေပျောက်သွားခြင်းအတွက်ကြောင့် နေလို့ထိုင်လို့ ပိုကောင်းလာသည်။

Resinner : Resystem ( Complete )Where stories live. Discover now