10:22

745 134 0
                                    

Arc 10:22

မဟုတ်သေးဘူး ၊
ဘာလို့ဒီလောက်ထိများလာရတာလဲ ?

ရေတွက်လို့မရနိုင်အောင်များပြားကာ ပုရွက်ဆိတ်များသဖွယ် စုပုံကြပ်နေသော လူများကြောင့် ပြောမည်ဟု ကြံစည်ထားသမျှ
ပြောစရာစကားများ တောင် ပျောက်ရှသွားသည်။

" ကျန်တဲ့သူတွေရော ... "

" အဆုံးမဲ့နယ်ပယ်ထဲ ရောက်သွားကြတယ် အရှင် "

" အဲ့ဒီ့နေရာကဘာဆိုတာ မင်းတို့သိရဲ့နဲ့ အရောက်ခံလိုက်ရလား"

" လူတွေအရမ်းများလာတော့ အကျွန်ုပ်တို့လည်း "

Reole သည် တစ်ဖက်ငရဲသား၏ စကားကို ဆက်မနားထောင်ချင်တော့သည့်အတွက်ထွက်သွားခိုင်းလိုက်သည်။ သူ့မျက်စိရှေ့တွင်ရှိနေသောအဆုံးကို မ​မြင်ရသည့် လူအုပ်ကြီးသည်သိပ်မကြာသေးခင်က သေသွားကြသည့်သူများဖြစ်ပြီး စီရင်ချက်ခံယူရန်အတွက် စောင့်နေကြခြင်းဖြစ်သည်။ ထို့အတူ အဆုံးမဲ့နယ်ပယ်ထဲသို့ လမ်းချော်သွားသည့် လူ့တိရစ္ဆာန်များကလည်း ရှိနေသေးသည်။

ဒီနေ့မှာပဲ လူဘယ်နှစ်ယောက်တောင်သေဆုံးသွားခဲ့သနည်း ။ ဒီမေးခွန်းကို သူအခုချက်ချင်း မဖြေနိုင်သေး ။ စာရင်းနှင့်တကွတိုက်စစ်ရဦးမည်။ ပြီးနောက် မပါသင့်သည့်သူများကို ဖယ်ထုတ်ကာ ဟိုမရောက်ဒီမရောက်ဟာများကိုလည်း သူတို့နှင့်သက်ဆိုင်ရာနတ်ဘုရားများထံပို့ပေးရဦးမည်။ငရဲခန်းတွင်တောင်မှ လူဆန့်ပါ့ဦးမလား မပြောတတ်ပေ။

သူ့အရှေ့တွင်အုံကြွကာ ဆူပူနေကြသော လူအတန်းလိုက်ကြီးကိုကြည့်၍ Reole မျက်မှောင်ကြုံ့မိသွားသည်။ ၀.၁စက္ကန့်ကို လူငါးယောက်နှုန်းဖြင့် သေနေကြသလား ဟူ၍တောင် သူထင်မှတ် မိသည်။

သူအသေးစိတ်စဥ်းစားရန်အတွက် အချိန်အပိုင်းလေးတစ်ခုတောင်မရသေး ၊ အလုပ်ပုံကြီးက သူ့အား ပျော်ရွင်စွာ ကြိုဆိုနေလျက်။

•••

" ဟေး...Zole "

ရေတံခွန်အောက်တွင်ထိုင်ကာငါးမျှားနေသည့် Zole သည် Avi အားလှည့်ကြည့်လိုက်၏ ။ ထိုအချိန်တွင် Avi သိချင်သည်မှာ ရေစီးသန်လှသည့် ရေတံခွန်အောက်တည့်တည့်တွင်ထိုင်ကာ ငါးမျှားခြင်းသည် အမှန်ပင် ငါးရနိုင်ပါသလား လို့ပင်။ ရေတံခွန်မှတစ်ဆင့် အပေါ်မှအောက်သို့ စီးကျလာသော ရေများသည် အောက်တွင်အသင့်ရှိနေသော ကျောက်ဆောင်သဖွယ်မာကြောလှသည့် Zole နှင့်တွေ့ကာ ဘေးသို့ ဖြာထွက်ကုန်၏ ။

Resinner : Resystem ( Complete )Donde viven las historias. Descúbrelo ahora