5:7

6.1K 964 23
                                    

လော့ရမ် အားလုံးပြီးသွားတော့ သူကိုယ်တိုင် စတိုခန်းကို ရှင်းလင်းခဲ့ပြီးခြေရာလက်ရာတွေကိုဖျောက်ကာ Avi ကိုအဆောင်ခန်းဆီ ပြန်ပို့ပေးနေသည်။

" Avi မင်းအဆင်ပြေရဲ့လား "

" အဆင်ပြေပါတယ် ကျေးဇူးပါ
လော့ရမ် "

ထို့နောက် သိနှင့်နေပြီးသား အဖြေတစ်ခုကို
မသိချင်ယောင်ဆောင်ကာ Avi မေးခွန်းထုတ်လိုက်သည်။

" ဒါနဲ့ ငါဘယ်မှာရှိတာလဲဆိုတာ မင်းဘယ်လိုသိတာလဲ "

" ထားလိုက်ပါ နောက်ဆို သွေးမထွက်စေနဲ့ဟုတ်ပြီလား "

သူ့မေးသည့်မေးခွန်းကို အခြားအကြောင်းအရာတစ်ခုဖြင့် လော့ရမ် ရှောင်ထွက်သွားပုံက မသေသပ်လိုက်တာ။

လော့ရမ်က Avi ရဲ့ခေါင်းကို လက်ဖြင့်အသာအယာ ပုတ်ပေးလိုက်ကာ လှည့်ထွက်သွားသည်။သူ့ကို ကျောခိုင်း၍ထွက်သွားတော့မည့် လော့ရမ်ရဲ့ ပုခုံးကိုavi ဆွဲလှည့်လိုက်ပြီး နံရံမှာကပ်ကာ သူ့ထက်မြင့်နေသည့်အရပ်ကြောင့် ခြေဖျားထောက် နမ်းလိုက်သည်။ အတန်ကြာ နမ်းပြီးသွားတာတောင် သူနဲ့ ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခုတောင်မရသည့်အတွက် Avi စိတ်ပျက်သွားပြီး၊ လော့ရမ်ကို လွှတ်ပေးလိုက်သည်။ နှုတ်ခမ်းကို ကိုင်ကာ သူ့ကိုကြောင်ကြည့်နေသည့် လော့ရမ်ကို သူကပင် ပြန်တောင်းပန်လိုက်သည်။

" တောင်းပန်ပါတယ် ကျွန်တော်အတည်ပြုစရာလေးရှိနေလို့ပါ တကယ် မရည်ရွယ်ပါဘူး "

Avi စိတ်ပျက်စွာဖြင့် အဆောင်ခန်းထဲကို ဝင်လာသည့်အတွက်သူ့ကိုစိုက်ကြည့်နေသည့် နီရဲနေသောမျက်ဝန်းတစ်စုံကို သတိမထားမိပေ။

မင်းဘယ်ရောက်နေတာလဲ Zero။

သူအစက လော့ရမ်ကို Zero လို့ထင်ခဲ့ပေမဲ့ ၊ အခု သူ မဟုတ်မှန်းသိလိုက်သည့်
အတွက် အရင်ကထက်တောင် ပိုပြီး
အားလျော့သွားသည်။ဒီကမ္ဘာမှာများ မရှိတာလား ။အဲ့တာဆိုငါ လော့ရမ်ကိုသတ်လိုက်ပြီး
ဒီကမ္ဘာကနေ ထွက်ကာ မင်းကိုလာရှာလိုက်မယ်လေ ၊ အဆင်ပြေတယ် မဟုတ်လား ။

တံခါးကို ဒုန်းဆိုင်းဖွင့်ပြီး ဝင်လာတဲ့ သူကြောင့် Avi အတွေးစ ပြတ်သွားကာဝင်လာတဲ့သူကို ကြည့်လိုက်သည်။ ထင်သည့်အတိုင်း Avi အဆောင်ကို သူ့အိမ်သူ့ယာ မှတ်ကာ တံခါးမရှိ ဓားမရှိဝင်လာတဲ့သူက Gilar တစ်ယောက်ထဲပဲရှိသည်။

Resinner : Resystem ( Complete )Where stories live. Discover now