8:4

2.5K 408 0
                                    

Arc 8:4
Ver_vain

" အင့်.. မမြင်မိလို့ပါ တောင်းပန်ပါတယ် "

လမ်းထောင့်ချိုးမှာ အဘိုးကြီးတစ်ယောက်က သူ့ကိုဝင်တိုက်လိုက်တာကြောင့် သူကတော့ဘာမှမဖြစ်ပေမဲ့ တစ်ဖက်ကလူတစ်ခုခုဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် လှည့်ကြည့်လိုက်သည်။ တစ်ဖက်ကလူက သူ့အတိုင်းထိခိုက်ဒဏ်ရာရမူမရှိမှသာ စိတ်အေးသွားရသည်။ ခန္တာကိုယ်သန်မာအောင်ဖွဲ့စည်းထားပြီးသားကျင့်ကြံသူတစ်ယောက်က သာမန်လူတစ်ယောက်ကို ဝင်တိုက်မိရင် တစ်ဖက်ကလူ တစ်ခုခုဖြစ်သွားနိုင်မည်ကို စိုးရိမ်ရသည်လေ ။

အရင်ကဆို တစ်ခုခုက သူ့ကိုတိုက်မိတော့မည်ဆိုပါက အလွယ်တကူရှောင်လို့ရပေမဲ့အခုက သူ့ကိုဝင်တိုက်မဲ့သူ၏ ဖြစ်တည်မူကိုမခံစားလိုက်ရတဲ့အတွက် သူအတိုက်ခံလိုက်ရခြင်းသာ။ ဖြစ်တည်မူအနည်းငယ်ကိုတောင်မခံစားမိရတဲ့အထိ သူ့ကိုဝင်တိုက်တဲ့သူက သာမန်လူက အတော်ကို သိမ်နုပ်သည့်ပုံရသည်။

ဝါးခမောက်ကို ငိုက်ကာဆောင်းထားတာကြောင့်မျက်နှာကိုသေချာမမြင်လိုက်ရပေမဲ့ နောက်ကျောကိုကြည့်လိုက်ရုံနဲ့အသက်ကြီးကြီးသူတစ်ယောက်ဆိုတာသိသာသည်။ သူနဲ့ဆန့်ကျင်ရာအရပ်ကိုကျောခိုင်းထွက်သွားသည့်ထိုအဖိုးကြီးဘာမှ မဖြစ်ဘူးဆိုတာသေချာသာမှ လု​ရှောင်းယန် သူတည်းဖို့အတွက်တည်းခိုဆောင်ကိုရှာလိုက်သည်။

( Host အခုဘာလုပ်နေတာလဲ)

' မြင်တဲ့အတိုင်းဘဲ ဇာတ်လိုက်ဆီက
ခါးပိုက်နှိုက်လာတာ '

Avi သူ့ရဲ့မျက်နှာမှာ တပ်ထားသည့်အရေခွံအတုကိုဆွဲခွာလိုက်သည်။ ကျန်းရီမော့မှန်းမသိစေရန် မျက်နှာအရိုးတွေပြင်ထားရသည်က အလုပ်ရှုပ်သည်ကြောင့် နောက်တစ်ခေါက်လည်း ထပ်မပြင်ချင်တော့သည့်အတွက် လွယ်လွယ်ရသည့် မျက်နှာအရေခွံအတုကို စွပ်ထားပြီးဇာတ်လိုက်ကို ဝင်တိုက်လိုက်သည်။ သူ့ကို မသိလောက်တာတော့ကျိန်းသေနေသည်လေ။

သိုလှောင်အိတ်ထဲဝင်မကြည့်မီ သိုလှောင်အိတ်မှာထွင်းထားသည့် ပိုင်ရှင်ရဲ့နာမည်ကို သူ့ကိုယ်ပိုင်စိတ်စွမ်းအားနဲ့ ဖျက်စီးလိုက်ပြီးမှသာ အထဲတွင်ရှိသည့်အရာတွေကိုကြည့်
လိုက်သည်။ သိုလှောင်အိတ််ရဲ့အတွင်းမှာ နေရာတော်တော်ကျယ်သည့်အပြင် ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသည်။

Resinner : Resystem ( Complete )Where stories live. Discover now