9:18

994 171 0
                                    

( Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။ )

" ဒီတစ်ခါ ဒီနေရာကို ရောက်လာရတာ အရင်တစ်ခါလိုစစ်မေးချင်တဲ့အတွက်တော့
မဟုတ်ဘူးထင်တယ် "

နောက်ထပ်တစ်ခေါက် avi အေရိပ်ငြိမ်ရဲ့အရှေ့တွင် နေရာယူကာ ထိုင်နေရပြီး နောက်တစ်ကြိမ် တူညီသော အခန်းတွင်သာ စစ်ဆေးခံနေရသည်။ ရေသန့်ဘူးနှင့် ရေခွက်ကလည်း နှစ်ယောက်အလယ်တွင် နေရာယူထားခဲ့သည်။
မတူညီတာဆို၍ မှတ်တမ်းတင်သည့် ရဲအရာရှိသာ ။
ဒီတစ်ခါ မှတ်တမ်းမှတ်သည့်အရာရှိက အရင်တစ်ခါက ရဲအရာရှိထက်ပိုပြီး အသက်ကြီးပုံပေါ်ပြီး အတွေ့အကြုံလည်းပိုရှိပုံရသည်။ အေရိပ်ငြိမ်မှ အရင်တစ်ခါလို တူညီသည့်ပုံစံအနေအထားဖြင့် ဦးထုပ်ကို ချွတ်လိုက်သည်။ပြီးနောက် မရယ်မပြုံးမျက်နှာဖြင့်

" ဟုတ်ပါတယ်... ဒီတစ်ခါခေါ်ရတဲ့အကြောင်းအရင်းက လိမ်လည်ထွက်ဆိုမူကြောင့်ပါ "

Avi လက်နှစ်ဖက်ကို တွဲချိတ်လျက် ခုံပေါ်တွင် တင်ထားပြီး ခါးကိုအနည်းငယ်ကိုင်းလိုက်ကာ အေရိပ်ငြိမ်ပြောမည့်အကြောင်းအရာကို ဂရုတစိုက်နားထောင်မည့် အနေအထားသို့ ပြောင်းလဲလိုက်သည်။

" .....ရက်စွဲ့ ..... နေ့ ....နာရီ အချိန်မှာ ဒေါ်ဥမ္မာအမှုရဲ့ သံသယရှိသူအဖြစ် ဦးဉာဏ်ကောင်းမြတ်အောင် စစ်ဆေးခံရတဲ့အချိန်တုန်းက
.... ရက်စွဲ....နေ့ ညသုံးနာရီနဲ့ ငါးနာရီအချိန်အတွင်း အိမ်မှာ ရှိနေခဲ့တယ်လို့
ထွက်ဆိုခဲ့တာ မှန်ကန်ပါသလား "

အရင်တစ်ခါavi ထွက်ဆိုထားခဲ့သည့်အချိန်က
ရေးမှတ်ထားခဲ့သည့် မှတ်တမ်းကို ကြည့်ပြီး ဖတ်နေသည့်အေရိပ်ငြိမ်ရဲ့ အသံအနိမ့်အမြင့်အတတ်အကျမရှိသော လေသံက လေထုထဲတွင်
တစ်မျိုးတစ်ဖုံ ခြောက်ခြားဖွယ်ကောင်းနေခဲ့သည်။

" မှန်ကန်ပါတယ် "

" ကောင်းပါပြီ ၊ ဒါဆို ဆက်ကြတာပေါ့ "

အေရိပ်ငြိမ်မှ မှတ်တမ်းကို ပိတ်လျက် ဘေးသို့ ချ
ကာ avi ရဲ့ မျက်တွင်းနက်နေသည့် မျက်လုံးများကို သေချာကြည့်လျက်...

Resinner : Resystem ( Complete )Where stories live. Discover now