Extra

3.2K 242 32
                                    

A/n-Ending နဲ့မဆိုင်တဲ့ Extra တစ်ပုဒ်ပါ။

---------------------

အဆုံးမစီရင်ခင် ၁၄ နာရီအလို

လူတိုင်းက ကျွန်တော်ရဲ့အချစ်ဦးကို မေးတတ်ကြတယ်။ သူမက ဘယ်သူလဲတဲ့ ။
ကျွန်တော်ကတော့အကြိမ်​ကြိမ်ပြန်လည်ပြောပြခဲ့ပါတယ်။ သူက ကျွန်တော်ပြိုလဲခဲ့တဲ့အချိန်တိုင်းအမြဲရှိနေပေးတတ်သူဖြစ်ကြောင်း ၊
သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့ကျွန်တော့်ကို ဖေးမခဲ့ဖူးသူဖြစ်ကြောင်း၊
လက်ထပ်ဖို့ထိ ရည်ရွယ်ထားခဲ့ဖူးကြောင်း
အစရှိသဖြင့်သူ့အကြောင်းတွေကိုစီကာ ပတ်ကုံးပြောပြပေးခဲ့ဖူးတယ် ။ တစ်ဖက်လူ နားထောင်ချင်မှန်းမသိ မနားထောင်ချင်မှန်းမသိနဲ့ပေါ့ ။

အဲ့ဒီ့အချိန်တုန်းက
ကျွန်တော် သတ်သေဖို့ ဆုံးဖြတ်ထားတယ် ။
14 hour အတိအကျကို ဖုန်းထဲမှာ Timing နဲ့ အတိအကျ ကျွန်တော် လုပ်ထားခဲ့တယ်။
အဆုံးမစီရင်ခင် ၁၄ နာရီအလိုမှာ
ကျွန်တော် အိပ်မဲ့အစား အပြင်ဘက်မှာ လမ်းသလားပြီး လျှောက်သွားနေဖို့
ဆုံးဖြတ်ခဲ့တယ် ။အဲ့ဒီ့ဆုံးဖြတ်ချက်ကြောင့်ပဲ သူ့ကိုကျွန်တော် ပထမဆုံး တွေ့ခဲ့ရတာပဲ ။ ဘယ်​တော့
မှ နောင်တမရမဲ့ တွေ့ဆုံခြင်းလို့ မဆိုနိုင်ပေမဲ့ သေချာပါတယ် ၊ ကျုပ်အသက်ရှင်နေသရွေ့တော့
အဲ့ဒီ့အတွက် နောင်တဆိုတာ ရှိလာမှာမဟုတ်ဘူး ။

ကျွန်တော့်ဘဝရဲ့ အချစ်ဆုံးလူသားကို
အဆုံးမစီရင်ခင် ၁၄ နာရီအလိုမှာ
ပထမဆုံးတွေ့ရှိခဲ့တယ်။

အဖြူရောင်ဆေးသုတ်ထားသည့်ကော်ဖီဆိုင်လေး၏ ပိုင်ရှင်ဖြစ်သောသူအား ကျွန်တော် အဆုံး
မစီရင်ခင် ၁၄နာရီအလိုမှာ မှန်ပြတင်းကနေ ကျော်ဖြတ်၍ မြင်ခဲ့ရတယ်... ။

အဲ့ဒီ့ကစလို့ ကျွန်တော်က သူနဲ့ တစ်ရက်တာရင်းနှီးဖို့ ဆုံးဖြတ်လိုက်ခဲ့တယ်။

အရင်ရက်တွေက ဒီဆိုင်ကို ဖြတ်ပြီး မနက်တိုင်း လေ့ကျင့်ခန်းလုပ်ဖူးတယ်ဆိုပေမဲ့ ဆိုင်ပိုင်ရှင်ကိုတော့ အခုမှ သတိထားမိခဲ့တာပဲ ။ အရေးတယူလုပ်စရာ မရှိတော့တဲ့အချိန် အရင်က အရေးမပါဘူးလို့သတ်မှတ်ခဲ့တဲ့အရာတွေကို သတိထားမိခဲ့တယ်လို့ ပြောလို့ရတယ်။

Resinner : Resystem ( Complete )Where stories live. Discover now