5:15

5.7K 764 57
                                    

" ကလေး ဒီနေရာကို သဘောကျရဲ့လား "

တောတောင်ထဲကိုရောက်နေသည့်အတွက်
သဘာဝရဲ့သာယာ တဲ့ တေးသံ တွေ
ကိုလည်း ကြားနေရသည်။ ပြီးတော့ လေထုထဲမှာ ပါလာသည့် ချိုမြ ဆွတ်ပျံ့ဖွယ်အနံ့တစ်ခုက စိတ်ကိုကြည်လင်သွားစေသည့်အပြင် ရေစီးသံသဲ့သဲ့ကိုလည်း ကြားရပါသေးသည်။ မြက်ခင်းစိမ်းလေးပေါ်နင်းရသည့် ခံစားချက်ကလည်း တကယ့်ကိုလတ်ဆတ်သည့်အရသာ ပေးနိုင်သည်။

" ကျတာပေါ့နေရာရွေးတာ အရမ်းတော်တယ် "

တကယ်ကို သူငယ်ချင်း​ဟောင်းကြီး
Jhon က နေရာရွေးတော်တာပဲ ။
အထူးသဖြင့် ကိုယ်သေမဲ့နေရာ ကိုယ်ရွေးတာ တော်တယ်လို့ပဲ ပြောရမလား ။

" ကလေး ကြည့်စမ်း ဟိုနေရာလေးကို သဘောကျလား ။ သဘောကျရင် အဲ့နေရာလေးမှာ အိမ်ဆောက်ပြီးနေကြမယ်လေ။ ပြီးတော့... ကိုယ်တို့မခွဲကြတော့ဘူး "

" အိမ်မက်တွေက အရမ်းအိမ်မက်ဆန်လွန်းတယ် "

Gilar , aviဆီက ထူးဆန်းတဲ့စကားတစ်ခုကို ကြားလိုက်ရသည့်အတွက် သူ့ရဲ့ ရင်ခွင်ထဲ ထည့်ထားသည့် ခေါင်းသေးသေးလေးကို စောင်းငဲ့ ကြည့်မိသည်။ နဂိုအတိုင်း ဘာမှမထူးခြား ၊ ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲမှာ တစ်ခုခုကို ဆိုးဆိုးဝါးဝါးခံစားနေရသည်။

" မင်း တွေးဖူးလား ။ ကိုယ်အကြိုက်ဆုံးနေရာက ကိုယ်ခေါင်းချမဲ့နေ​ရာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကို "

Avi ရဲ့ လက်တစ်ဖက်က Gilar ရဲ့ နှလုံးရှိရာဘက်ကို ဦးတည်လိုက်ပြီး ပိုးကောင်တစ်ကောင် ထည့်ပေးလိုက်သည်။ထူးဆန်းစွာပင် ထိုပိုးကောင်လေးက Gilar ရဲ့ အသားထဲကို နစ်မြုပ်ပျောက်ကွယ်သွားပြီး ဟိုးအနက်ရှိင်းဆုံးနေရာအထိကို ထိုးဖောက်လျက်...။
Gilar ဒူးထောက်ကျသွားပြီး သူ့ကို ငုံ့မိုးကာ အထက်စီးကနေကြည့်နေသည့် Avi ကိုမော့ကြည့်လိုက်သည်။ထိုအကြည့်ထဲမှာ မယုံကြည်နိုင်ခြင်းနဲ့ နောင်တအချို့ ရောယှက်ပါနေသည်။

" မင်းက Avi မဟုတ်ဘူး... Zuling မင်း..."

" အခုမှသိတော့ မင်းနောက်ကျသွားပြီလေ "

" Avi ဘယ်မှာလဲ "

နာကျင်မူကို အံကြိတ်ခံနေရင်း Gilar မေးလိုက်ပေမဲ့ ရသည့်အဖြေက စိတ်ကျေနပ်ဖွယ်ရာမရှိ ။

Resinner : Resystem ( Complete )Место, где живут истории. Откройте их для себя