9:2

2K 299 6
                                    

9:2

အညိုရောင်မျက်လုံးတစ်စုံတွင် တစ်ရိပ်ရိပ်နှင့်အခိုးအငွေ့တွေအလား ကောင်းကင်ယံသို့ထိုးတတ်
နေသည့် မီးလျှံအရိပ်ထင်ဟပ်နေသည်။
တစ်သမတ်တည်းမရှိသည့် မီးလျှံတွေက နိမ့်လိုက်မြင့်လိုက်ဖြင့် အရမ်းကို ကြီးကျယ်ပြီး လှပလွန်း
သည့် နှစ်ထပ်အိမ်ကို အတိဝါးမြိုလျက်ရှိနေခဲ့ပြီး မီးငြိမ်းသတ်နေကြသော သူတို့၏အသံတွေက တစ်ယောက်ကိုတစ်ယောက် ဖုံးအောင် အော်ဟစ်နေလျက် ။

ဒါက ပန်းချီကားတစ်ချပ်ဖြစ်နိုင်လောက်သည်။ အရောင်အဆင်းမဲ့နေသော ပန်ချီးကားတစ်ချပ် ၊ အဖြူနဲ့အမဲသာ ရှိနေပြီး အခြားသောအရောင်ဟူ၍ ပန်းချီဆရာ၏ လက်မှတ်တွင်သာ ရှာတွေ့နိုင်သည့် ပန်းချီကားချပ်မျိုး ။ avi ထိုဟုန်းဟုန်းတောက်နေသော မီးလျှံများကို ကျောခိုင်းလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ avi ရဲ့ မျက်နှာထက်တွင်
မည်သည့် အကာအရံမှတည်ရှိမနေခဲ့ ၊ ဒါက ညီလင်းရဲ့အိမ်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ညီလင်းရဲ့မိဘနှစ်ပါးကို သတ်ခဲ့သည့်အချိန်တုန်းကတည်းက တည်ရှိမနေခဲ့တာဖြစ်သည်။

ဒီခန္တာကိုယ်ပိုင်ရှင် ဉာဏ်ကောင်းမြတ်အောင်
ကလက်စားချေသည့်အချိန်တိုင်း
ဘယ်သောအခါမှ မျက်နှာကိုဖုံးကွယ်ထားခြင်းမရှိပေ။ သူ့မျက်နှာနှင့် သူကဘယ်သူဆိုတာ အခြားသူသိသွားမှာကိုလည်း အရေးမစိုက်ခဲ့ ။ ထို့ကြောင့် လက်စားချေသည့်အနေဖြင့် ညီလင်းရဲ့မိဘတွေကို သတ်မည့်အချိန်မှာတောင် မျက်နှာကို ဖုံးကွယ်ထားခြင်းမရှိ၊ သူမည်သူဖြစ်ကြောင်းကိုရှင်းရှင်းလင်းလင်းသိစေသည်။ ဒီလိုမျိုးလုပ်ခဲ့သည်တောင်မှ တုံးအလှသည့် ညီလင်းက အနည်းငယ်တောင်ရိပ်မိခြင်းမရှိခဲ့။သို့သော် အခု avi ကမူ ဒီလိုလုပ်၍မရ ၊ သူကသူ ၊ ဉာဏ်ကောင်းမြတ်အောင် က ဉာဏ်ကောင်းမြတ်အောင်လေ ။ဉာဏ်ကောင်းမြတ်အောင်မှာ ဖုံးကွယ်ထားစရာတွေမရှိပေမဲ့ သူ့ဆီမှာတော့ ရှိနေသည်။

ဉာဏ်ကောင်းမြတ်အောင်နေထိုင်သည့် တစ်ထပ်တိုက်အိမ်လေးက ညီလင်းတို့နေထိုင်ရာအိမ်နှင့်
သိပ်မဝေးပေ။ တစ်ထပ်တိုက်အိမ်လေးက ပိုင်ရှင်နဲ့မတူအောင်လှပသည်။ အစိမ်းရောင်ဆေးသုတ်ထားပြီးအိမ်ရှေ့တွင် အပြာရောင် ဒန်းလေးရှိနေသည်။ အိမ်ဘေးတွင် ပန်းပင်များနှင့် သစ်ခွပင်များကို စိုက်ပျိုးထားပြီး အကိုင်းအခက်လှပစွာဖြင့်ဝေဝေဆာဆာ ဖူးပွင့်နေသည်။ ထပ်ခိုးအသေးလေးလည်းရှိပြီး အရှေ့မျက်နှာစာတွင် ပြတင်းပေါက် တစ်ပေါက် ရှိသည်။ လူတစ်ယောက်နေထိုင်ဖို့ဆိုလျှင်သိပ်မကြီးသလို သိပ်ပြီးလည်း မသေးပေ။ အနေတော် ပင် ။

Resinner : Resystem ( Complete )Where stories live. Discover now