arc 6 ရှင်းတမ်း

5.2K 612 124
                                    

Arc 6 ရှင်းတမ်း

1. Sinner System ဆိုတဲ့အရာက ဟိုးအရင်ကတည်းက ရှိတာပါ ၊
လွင်ပြင်ရိပ်ကို ပြန်ကယ်ဖို့အတွက် Sinner System က ပြန်ဆက်သွယ်တဲ့အချိန်မှာ မင်းရတုက Sinner System တွေရှိမှန်းသိသွားခဲ့ပြီး သူကိုယ်တိုင် Sinner ဖြစ်ဖို့ရွေးချယ်ခဲ့တယ်။အဲ့ရွေးချယ်မူကြောင့်သူက အခြားသူတွေမရတဲ့အခွင့်အရေးရရှိခဲ့တယ် ။
သူများတွေလို Mission မအောင်ရင်တောင်ချက်ချင်းတန်းမပြန်ဘဲ သူသွားချင်တဲ့အခါမှ ခေါ်ဖို့ Sinner System နဲ့အပေးအယူလုပ်ခဲ့တယ်။ သူ့ရဲ့ဝိညာဥ်အစိတ်အပိုင်းတွေကိုပေးပါ့မယ်ဆိုတဲ့ကတိနဲ့ ၊ ဒါကြောင့်လွင်ပြင်ရိပ်
သေ သွားတာတောင် ရတုက ဝိညာဥ်ဖြိုခွဲမခံခဲ့ရတာပါ ၊သူမှ မသွားချင်သေးတာ Sinner System က ခေါ်လို့မရဘူးလေ ။ ပြီးတော့ သူကိုယ်တိုင် Resinner ဆိုတဲ့အရာတစ်ခုကို ဖန်တီးခဲ့တယ် ။ဒါကလည်း သူတကယ်လို့ Sinner ဖြစ်သွားခဲ့ရင် ငြိုးမာန်ခက အခုလက်ရှိမှာ သူ့ကြောင့်သေသွားမယ်ဆိုရင်တောင် နောက်ဘဝ ဘဝတွေအထိ သူနှောင့်ယှက်ခွင့်မရှိတော့ဘူးလေ။
ဒါကြောင့်သူနဲ့အတူ အမြဲ ရှိစေရန်အတွက် Resinner System ကိုဖန်တီးခဲ့တယ် ။

ဘာလို့ ငြိုးမာန်ခကို လွင်ပြင်ရိပ်ပုံစံအတိုင်း ဖြစ်အောင် အရုပ်တစ်ရုပ်လို ဖန်တီးခဲ့ရတာလဲ?

အမှန်တော့အစပိုင်းတွေမှာ တွေ့မှာပါ ။
ငြိုးမာန်ခကိုနှိပ်စက်ပြီး Brain Wash တဲ့အချိန်တွေမှာ မေးခွန်းလေးခု အဖြေလေးခုကိုဘဲ အထပ်ထပ်အခါခါ မေးဖြေလုပ်နေတယ်ဆိုတာကို ။ ဒါက ငြိုးမာန်ခကို သူ့ကိုယ်သူအပြစ်ရှိတဲ့သူအဖြစ်ခံစားပြီး အပြစ်ရှိတဲ့အပြစ်သားတစ်ယောက်အနေနဲ့ ဒီအကြောင်းကိုစိတ်ထဲစွဲနေစေပြီး ရှင်သန်စေဖို့အတွက်ဘဲ။

ဒါပေမဲ့နောက်ပိုင်း ငြိုးမာန်ခဆီမှာ လွင်ပြင်ရိပ်နဲ့တူနေတဲ့အရာကို
တွေ့ခဲ့တဲ့နောက်ပိုင်း သူအတွေးတစ်ခုရလာတယ် ။ ဒါကဒုတိယလွင်ပြင်ရိပ်ကိုဖန်တီးဖို့ ၊
သူကလွှဲပြီးဘယ်သူ့ကိုမှ မကြည့်တဲ့ ဒုတိယလွင်ပြင်ရိပ်ဖန်တီးဖို့ ၊
ဒါကြောင့်သူ Resinner system ကိုပြန်ပြောင်းလဲ ပြီး Program တွေကို လွင်ပြင်ရိပ်နဲ့တစ်ထပ်တည်းကျအောင် သူလုပ်ခဲ့တယ် ။သူ့ရဲ့ဘဝတိုင်းမှာ လွင်ပြင်ရိပ်ရှိစေဖို့အတွက်သူလုပ်ခဲ့တယ်။အဓိက က နောက်ဆုံးအချိန်ထိ လွင်ပြင်ရိပ်ကိုလက်မလွှတ်နိုင်တဲ့ မင်းရတုပိုင်ရဲ့အစွဲ ကြီးမူနဲ့သက်ဆိုင်သွားတာပေါ့ ။

Resinner : Resystem ( Complete )Where stories live. Discover now