10:18

779 141 0
                                    

Arc 10:18

ဘာဖြစ်လိုက်မှန်းတောင်မသိ ၊ ရေခဲအဖြစ်ပြောင်းလဲခံလိုက်ရကာ ပြာမှုန်ဘဝသို့ရောက်ရှိသွားကြသည့် အလင်းနတ်ဘုရားကိုးကွယ်ယုံကြည်သူများကို သူမ ကြည့်ကာရယ်လိုက်မိသည်။ သူတို့၏သခင်တောင် မသိလိုက်ဘဲ သေသွားခဲ့သည့် သနားစရာအစေခံလေးများသည် သူမ မျက်စိထဲတွင် ရယ်စရာသက်သက်အဖြစ်သာတန်ဖိုးရှိသည်။

လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ရေခဲစိုင်ထဲမှ Lynx ၏ အနက်ရောင်သွေးသည် Vena နှင့်အတူတူထို အဖြစ်အားရှူစားနေသည်။ သွေးပိုင်ရှင်ကာယကံရှင်က ဒီအဖြစ်အပျက်များကိုမသိပေမဲ့ ဒီသွေးကမူ သူမအား အထောက်အကူပေးနေသည်။

သူမ၏ စွမ်းအားသည် အေးခဲခြင်း တစ်ခုသာ ။ ထိုအေးခဲခြင်းတစ်ခုကပင် အရာအားလုံးကို အေးခဲပစ်နိုင်သည်။ကမ္ဘာပေါ်ရှိအရာအားလုံး သူမ မအေးခဲနိုင်သည့်အရာမရှိ ။ နတ်ဘုရား၏အစွမ်းတွေပါ အပါပေါ့ ။သို့သော် Zole သည် ထိုစွမ်းအင်ကိုမသိပေ။
သူမ၏ စွမ်းအင်သည်ကောင်းမွန်လှသော်ငြား ကန့်သတ်ချက်တော့ရှိသည်။ ထိုကန့်သတ်ချက်က သူမကိုမပိတ်ပင်နိုင်။ လက်တစ်လုံးခြားပြီး သူမလိုချင်တဲ့အရာကို လုပ်ဆောင်နိုင်သည်။

သူမလက်ထဲတွင် ပူးကပ်ကာ လုံးထွေးထားသည့်ရေခဲစိုင်နှစ်ခုက ရှိနေသည်။ ပထမတစ်ခုက Lynx ရဲ့အနက်ရောင်ဆံပင်တွေဖြစ်ပြီး Lynx ရှိရာဘက်သို့သံလိုက်အိမ်မြှောင်တစ်ခုလို ရွေ့လျားနေသည်။ ဒုတိယ တစ်ခုကတော့ Lynx ရဲ့သွေးစက်ပင်။
သူမ ငရဲပြည်မှာတုန်းက Lynx ရဲ့စွမ်းအင်ကို စမ်းသပ်ချင်သည့်စိတ်ကြောင့် Lynx နားပေါ်ရှိနားဆွဲအား တမင်ပင် ခင်ကြမ်းကြမ်းဆွဲဖြုတ်ခဲ့သည်။ ငရဲပြည်၌ရှိနေခြင်းကြောင့် ထိခိုက်လွယ်နေသော Lynx ၏နားဆွဲ၌ Lynx ရဲ့သွေးစပါ ကပ်ပါလာပြီး သူမက အချိန်မှီအေးခဲထားလိုက်နိုင်သည်။

Lynx သည် သူမအတွက်ထိုမျှလောက်အသုံးဝင်မည်ဟု မထင်ထားသော်လည်း အသုံးဝင်ကြောင်းကို သူမအားသိအောင်ပြပေးခဲ့သည်။

Zole သည်မည်သည့်အတွက်ကြောင့် သူမအား ဖန်တီးခဲ့သလဲမသိပေမဲ့ အမှောင်နှင့်အေးစက်ခြင်းသည် တစ်ချိန်တည်းတွင်အတူတွဲ၍ ရှိမနေသင့်ကြောင်းကိုတော့ သူနားလည်သင့်သည်။Zole ၏ ရည်ရွယ်ချက်ကဘာများပါလဲ။ Lynx ကိုခေါ်ထားသည့် အကြောင်းပြချက်ကရော ဘာကြောင့်များပါလဲ ။ အိုး...သူမ ဒါတွေမသိချင် ။ သူမ ဖြစ်ချင်သည်က Zole ကို ထိခိုက်မူအများဆုံးဖြစ်အောင် ဆွဲနှစ်ပစ်လိုက်ချင်တာပင်။Zole ၏ အားနည်းချက်ကို တစ်လျှောက်လုံးတွေ့အောင်ရှာခဲ့ခြင်းအရ Zole သည်သူ၏ကိုးကွယ်သူများကို မြတ်နိုးသည့်အချက်ကိုပင်။

Resinner : Resystem ( Complete )Where stories live. Discover now