8:6

2.1K 384 2
                                    

Arc 8:6
Ver_vain

" ဒါဆို ကျွန်မ အကိုကြီးရှင်းလို့ခေါ်မယ် ၊
ကျွန်မတို့သုံးယောက် သွေးသောက်
ညီအကိုတွေလုပ်ရအောင် "

What!!ငါဘဲ ဉာဏ်မှီလို့ ဇာတ်လိုက်ပြောတဲ့စကားကိုနားလည်လိုက်တာလား !
ဘာတဲ့... သွေးသောက်ညီအစ်ကိုဖွဲ့ရအောင်တဲ့လား !ဘယ်သူ့သဘောနဲ့လဲ??

ဇာတ်လိုက်မက အခုမှတွေ့တဲ့သူ နှစ်ယောက်ကို သွေးသောက်ဖွဲ့ဖို့ချက်ချင်းပြောတယ် !!

World logic အနေနဲ့တောင် ဒါလက်ခံနိုင်စရာရှိတဲ့ချီးလို အကြောင်းအရာတစ်ခုဘဲ ဟုတ်ပြီလား? နားလည်အောင်ရှင်းပြဦးလား?

" ငါလက်မခံဘူး "

" ဘာလို့လဲ အကိုကြီးရှင်းက အကြီးဆုံးအစ်ကိုလုပ် ၊ ကျွန်မက ဒုတိယ ၊ ရှောင်းယန်ကိုတော့ အငယ်ဆုံးထားကြမယ်လေ "

သွေးသောက်ညီအစ်ကို လုပ်မယ်လို့ဇာတ်လိုက်မ ပြောသည့်အသံကြားတုန်းက လုရှောင်းယန်နားစွင့်နေပြီး သူ့ကို အငယ်ဆုံးအဖြစ်ထားမယ်လို့ပြောတဲ့အချိန်တွင်တော့ သိသိသာသာပင် မျက်နှာပျက်ယွင်းသွားသည်။

ဇာတ်လိုက်ရေ မင်းက ဇာတ်လိုက်ကို အငယ်ဆုံးညီလေးအဖြစ်ဘဲ မြင်တာလား !

ဇာတ်လိုက်ကို အငယ်ဆုံးအဖြစ်ထားရမှာ
ငါပျော်ပေမဲ့ မင်းနဲ့ပတ်သတ်ရမယ့်အလုပ်တော့ငါရှောင်ပါရစေ။

" ငါမလုပ်ချင်ဘူး ပြီးတော့ ငါမနက်ဖြန် ဒီနေရာကနေသွားတော့မယ် "

" အကိုကြီးရှင်းက တစ်နေရာရာသွားစရာရှိလို့လား "

" အင်း အဲ့ဒါကြောင့်မင်းနဲ့သွေးသောက်ညီအစ်ကိုဖွဲ့ဖို့ဆိုတာမဖြစ်နိုင်ဘူး ပြီးတော့မင်းကမိန်းကလေးလေ  "

" အဲ့ဒါဆိုယောင်ယွဲ့ကို ညီမလေးတစ်ယောက်လိုသဘောထားလည်းရတာဘဲ "

Resinner : Resystem ( Complete )Where stories live. Discover now