5:16

6.7K 958 60
                                    

" ငါမင်းတို့ကို ပြောတာ နှင်းဆီအဖြူတွေလေ။ ဘာလို့ အနီရောင်တစ်ပွင့် ပါနေရတာလဲ "

သူတို့ရဲ့ Epslion လေသံတိုးတိုး​လေး
ဖြင့် မပွင့်တစ်ပွင့် ပြောလိုက်သော်လည်း သူတို့ရပ်နေတဲ့ ဟောခန်းတစ်ခုလုံး အေးခဲသွား
စေနိုင်ပြီး သူတို့အကုန်လုံးကို ဒူးထောက်ကျသွားနိုင်ဖို့အတွက် ထိုအသံတိုးတိုးလေးကတင် လုံလောက်ပြီ ။

Avi သေဆုံးပြီး နောက်ပိုင်း ကာလတွေက
Werewolf တွေအတွက် တော့ မီးတောင်ကြီးကိုပိုက်ပြီး နေရသည်နှင့် မခြားတော့ ။ဘယ်အချိန် ထပေါက်မည်မှန်းလည်း မသိနိုင်သော မီးတောင်အရှင်တစ်ခု။

အခုလည်း ထို Avi လို့ ခေါ် တဲ့ကောင်လေး တစ်နည်းအားဖြင့် သူ့တို့ရဲ့ Epslion ၏ နှလုံးသားအေးခဲကာ သေဆုံးသွားခဲ့သော ၃၂ နှစ်မြောက်နေ့ ။

အမြဲ Epslion က ထိုကောင်လေး သေဆုံးသွားခဲ့သည့် နှစ်ပတ်လည်နေ့ကိုရောက်တိုင်း
သူနေထိုင်တဲ့နေရာတစ်ခုလုံးကို နှင်းဆီဖြူ
ဖြင့် ပြည့်စေခဲ့သည့် အပြင် ထိုကောင်လေး ခေါင်းချသွားသည့် နေရာကို သမန်း ဝံပု လွေအသွင်ဖြင့် သွားကာဘာမှ မစားမသောက်ဘဲ အချိန်တော်တော်ကြာကြာ လှဲလျောင်းအိပ်စက်လေ့ရှိသည် ။တစ်ကယ် အိပ်ပျော်လား မအိပ်လားဆိုတာကတော့ ကာယကံရှင်ဖြစ်သည့် သူတို့ရဲ့ Epslion မှလွှဲ၍ တစ်ပါးသူ သိနိုင်မည်မဟုတ် ။
အမြဲတမ်း ဒီလိုအချိန်ကိုရောက်တိုင်း Epslion ရဲ့စိတ်တွေက ကြမ်းတမ်းနေတတ်သည်။

လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက နှင်းဆီအဖြူတွေကို နှင်းဆီအနီရောင်ဖြင့် မှားပြီး ပြင်ဆင်ပေးခဲ့သော Fairy တစ်ယောက် ကို မသေမရှင် ဖြစ်အောင် လုပ်ကာ ပြန်လွှတ်ပေးလိုက်သည့်အတွက် Fairy တွေရဲ့ခေါင်းဆောင် Wendy နှင့် ကတောက်ကဆ ဖြစ်ကာ အချေအတင်ဖြစ်ခဲ့ရသေးသည်။နောက်နှစ်တွေ သူတို့ဆီကို နှင်းဆီဖြူ လာမပို့တော့သည့် အပြင်အပြင်အဆင်လည်း မလုပ်ပေးနိုင်တော့ဟု ယတိပြတ်ပြောခဲ့သည့်အတွက် သူတို့တစ်ဖွဲ့လုံး ပြသာနာတတ်ခဲ့ရသေးသည်။

ထို Epslion ကြီးက Fairy တွေအစား သူတို့ကို ပန်းတွေကို အလှဆင်ခိုင်းပြီး ပြင်ဆင်ပေးခိုင်းတဲ့အတွက်ကြောင့် ပြသာနာတတ်ခဲ့ရသေးသည်။သူတို့ရဲ့ Epslion ကြီးမသိတာက သူတို့တွေထဲမှာ ဘယ်သူကမှ ပန်းတစ်ပွင့်ကို နူးနူးညံ့ညံ့ မကိုင်ဖူးသည့်အပြင် ဘယ်တော့မှ လည်း အလှမဆင်တတ်ကြောင်း ။

Resinner : Resystem ( Complete )Where stories live. Discover now