8:37

1.6K 282 3
                                    

ဒီတစ်နေ့ တိုက်ပွဲတွင်တော့ avi အပေါ်ဘက်တွင်သာ ရပ်ပြီး လုရှောင်းယန်နဲ့အတူ ကြည့်ရှူခဲ့သည်။
လျန်ဖန်ရှင်းက တော့မကြာခဏ စကားလာစပေမဲ့ avi မသိချင်ယောင် ဆောင်ရင်ဆောင် ၊ မဆောင်နိုင်တော့တဲ့အချိန်တွင်တော့ အကောင်းဘက်ကနေ ပြန်ပြီး ပြောပေးလိုက်သည်။

သူဝင်ပြီးတိုက်ချင်ရင်တောင် အဆိပ်အာနိသင်ကြောင့် အဆင်မပြေဖြစ်နေသည်။ ဒီကနေ့ကတော့ ထူးခြားစွာပင်မုရွယ်က သူ့ကိုမြင်ခဲ့တာတောင် အရင်လိုရန်လိုမုန်းတီးသည့်အကြည့်မျိုးနဲ့မကြည့်တော့ဘဲ avi ကိုကျော်၍ မမြင်ချင်ယောင်ဆောင်သွားသည်။ မုရွယ်သာသူ့ကိုအရိုးအရေကို တစ်စဆီစုတ်ဖြဲပစ်ချင်တဲ့ပုံဖြင့်ကြည့်ပြီး တရစပ်ကျိန်ဆဲနေရင်တောင် avi နေရထိုင်ရတာ အဆင်ပြေနေဦးမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ avi ကိုမသိချင်ယောင်ဆောင်နေသည်။

ရှင်းဟူကတော့ avi လိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေ aviနဲ့မလှမ်းမကမ်းမှာရှိနေတတ်ပြီး အန္တရာယ်ရှိနိုင်သည့်တစ်စုံတစ်ခုလာသည်နှင့် avi လက်လှုပ်စရာ မလိုဘဲ ရှင်းဟူကသာ လှုပ်ရှားခဲ့သည်။ ရှင်းဟူဆိုတဲ့အကောင် အမြဲတမ်း အရင်ကျန်းရီမော့ရဲ့ နေထိုင်မူပုံစံနဲ့အကျင့်စရိုက်ကို နည်းနည်းတောင် လွှဲချော်မူမရှိဘဲ သိနေခဲ့သည်မှာ ယခုမူ မထူးဆန်းတော့ပေ ။ အဘယ်ကြောင့်ဆိုသော် ကျန်းရီမော့ရဲ့စရိုက်ကို အမြဲစောင့်ကြည့်လေ့ရှိသည့်လွီရီဝေမှ ရှင်းဟူကို ပြောထားနိုင်သလို ရှင်းဟူမှလည်း လွီရီဝေကို တစ်ခုမကျန်ပြန်တင်ပြနိုင်စေရန်အတွက် ကျန်းရီမော့ကို မျက်စိဒေါက်ထောက်စောင့်ကြည့် ထားနိုင်သည်။

Avi တိုက်ပွဲပြီးသွားသည်နှင့်  ပုံမှန်အတိုင်းလွီရီဝေဆီသို့သွားကာ ဒဏ်ရာအခြေအနေ သက်သာခြင်း
ရှိမရှိ မေးမြန်းခဲ့သည်။ သူတို့နှစ်ယောက်ကြားမှ ဘာကိစ္စမှ မဖြစ်ခဲ့သလိုမျိုးပေါ့ ။

လွီရီဝေကလည်း avi ကို ပုံမှန်အတိုင်းပင် သူ့ဒဏ်ရာအခြေအနေအကြောင်း ပြောပြပေးခဲ့သည်။
အရေးကြီးဆုံးက လွီရီဝေနှင့် avi ရဲ့ဆက်ဆံရေးသည် ပြောင်းလဲမူမရှိ အရင်အတိုင်း ဆရာတူညီအစ်ကိုဆက်ဆံရေးသာဖြစ်နေစေရန်ဖြစ်သည်။

Resinner : Resystem ( Complete )Where stories live. Discover now