6:9

4.2K 624 14
                                    

ရတု မနေ့က ထူးဆန်းနေသည်။ သခင်ကြီးရဲ့ လက်ဆွဲအိတ်ကို သခင်ကြီးမသိအောင် ဆက်တီခုံအောက်သို့ ထည့်ဝှက်လိုက်သည်ကို တွေ့ပေမဲ့ မသိချင်ယောင်ဆောင်ကာ နေပေးခဲ့သည်။ လက်ဆွဲအိတ်ထဲက စာရွက်စာတမ်းကိုမြင်ပြီး ပျက်ယွင်းသွားသည့်မျက်နှာကို အတိုင်းသားမြင်လိုက်ပေမဲ့ ခဏအတွင်းပြန်ထိန်းကာ အပေါ်ထပ်သို့ပြေးတတ်သွားသဖြင့်သူပါ လိုက်တတ်သွားရသည်။ထို့နောက်ခုနက ပျက်ယွင်းသွားသည့်မျက်နှာကို အနည်းငယ်တောင် ထပ်မပေါ်စေတော့ဘဲ လုပ်စရာရှိသည့်အိမ်စာတွေနဲ့ အခြားအရာတွေကို ဆက်လက်လုပ်နေသည်။

သို့ပေမဲ့ မှားယွင်းသဖြင့် ခဲဖျက်နှင့် ခဏခဏဖျက်နေရတာကြောင့် ပြဲခါနီးစာရွက်လေးက ရတုရဲ့စိတ်မရှည်ခြင်းများစွာထဲမှာ သနားဖို့ကောင်းနေသည်။ အဲ့နေ့က ထူးဆန်းစွာပင် ရတုရဲ့ဘေးမှာအိပ်ခွင့်ရခဲ့သလို ညဥ့်နက်လောက်ကျတော့ အိပ်မပျော်တဲ့ရတုရဲ့တင်းတင်းကြပ်ကြပ်ဖက်ထားခြင်းကိုခံရသည်။ သူ့အတွက် နေသားမကျသည့်နွေးထွေးသည့်အိပ်ရာနှင့် ရတုရဲ့ဖက်ထားခြင်းတွေကြားထဲမှာ အရင်ကအိပ်ခဲ့ရသည့် ကုတင်ခြေရင်းက ကြမ်းပြင်လေးကိုသာ လွမ်းသည်။ အနည်းဆုံးတော့အဲ့ဒီနေရာက သူ့ကိုစိတ်အေးလက်အေးဖြင့် အိပ်စေနိုင်သည်။

နောက်နေ့ နေ့လည်စာ စားချိန်ရောက်သည်အချိန်အထိ  သခင်မကြီးရောက်မလာခဲ့ပေ။ ဘာတွေပဲဖြစ်နေပါစေ ရတုနှင့်အမြဲနေ့လည်စာအတူတူစားတတ်သည့် သခင်မကြီးက ယခုအခါ ထူးဆန်းစွာတိတ်ဆိတ်နေသည်။ ရတုနဲ့အတူ  ဒုတိယထပ်သို့တတ်လာခဲ့ပြီး ရတု တံခါးခေါက်တာတောင်အထဲမှ တုံ့ပြန်သံမကြား။သူမှားမြင်မိတာလားတော့မသိ။
အခန်းတံခါးကိုလှည့်ဖွင့်သည့်ရတုရဲ့လက်တွေက တုန်ရီနေသလိုပင်၊တံခါးကို လောခ့်မချထား၍သာတော်တော့သည်။ကုတင်ပေါ်မှာ ငြိမ်သက်စွာလဲလျောင်းနေသည့်သခင်မကြီးကိုတွေ့သည့်အခါမှ ရတုရဲ့ သက်ပြင်းချသံသဲ့သဲ့ကို သူကြားမိလိုက်သည်။

ပြန်လှည့်ပြီးအခန်းထဲမှ ထွက်သွားတော့မည့်အချိန် မသင်္ကါတာတစ်ခုခုကို
တွေ့သွားသည့်အတိုင်း ရတုသခင်မကြီးရဲ့ကုတင်ဘေးကို ပြေးသွားကာ ကုတင်အောက်မှာကျနေသည့်ဆေးပြားကို ကောက်ယူလိုက်သည်။ထို့နောက်အိပ်ရာဘေးက စားပွဲပေါ်ရှိ ဆေးဘူးတွေကိုအကုန်ဖွင့်ကာမြေပြင်ပေါ်သို့သွန်ချလိုက်သည်။ သို့သော်သူတို့ထင်ထားသလို ဆေးပြားများ ထွက်မကျလာဘဲ ဗလာနတ္ထိဖြစ်နေသည်။ ထိုဆေးတွေကသုံးလစာဖြစ်ပြီး ဝယ်ထားတာအရင်နှစ်ပတ်ကမှဖြစ်သည်။အချိန်တိုတိုလေးအတွင်း သုံးလစာကိုသခင်မကြီးဘယ်လိုသောက်ခဲ့တာပါလဲ၊သခင်မကြီးရဲ့လက်ကို ရတု ဖွဖွလေးကိုင်ကာ ပြန်လွတ်ချလိုက်ပြီးအခန်းထဲရှိအပူချိန်ကိုမြင့်တင်လိုက်သည်။ထို့နောက်ချက်ချင်းမီးလင်းဖိုထဲကို ထင်းချောင်းတွေပစ်ထည့်၊ လေယပ်ဖြင့် ထင်းမီးတွေပိုလောင်ကျွမ်းအောင်လုပ်ကာ အခန်းအပူချိန်ကိုတိုးစေသည်။ပြီးနောက်သခင်မကြီးဆီပြန်လာကာ အပူချိန်ပြန်လာစမ်းသည်။

Resinner : Resystem ( Complete )Where stories live. Discover now