7:8

2.9K 471 6
                                    

Arc 7:8

လူခေါ်ဘဲလ်ကို နှစ်ကြိမ်မြောက်တီးအပြီးမှာတော့ Cathy နဲ့ဆင်တဲ့အမျိုးသမီးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။ Cathy အမေက သူ့ကို မြင်မြင်ချင်း ဘေးအိမ်က Adam မှန်း မှတ်မိသည်ထင်သည်။
Cathy အမေကိုကျော်ပြီးအနောက်ကိုကြည့်လိုက်တော့ မီးဖိုချောင်မှာ Cathy အဖေက သတင်းစာဖတ်နေသည်ကိုတွေ့ရသည်။

" Hello Aunty Irene , Catherine အိမ်မှာရှိလားမသိဘူး ။ ကျောင်းက Catherine
ကိုပေးခိုင်းလိုက်တာလေးရှိလို့ "

" Sorry adam , Cathy အိမ်မှာမရှိဘူး ။ သူ့အဘွားဆီကို လွန်ခဲ့တဲ့ရက်တွေကတည်းက
သွားနေနေတာ "

" ဒါဆိုသူဘယ်တော့ပြန်လာမလဲမသိဘူး
ကိစ္စကအရမ်းအရေးကြီးလို့ပါ "

" သိပ်မကြာပါဘူး ဒီတစ်ပတ်လောက်ထင်တာပဲ ။ သူပြန်လာရင်မင်းကို လာပြောခိုင်းလိုက်မယ် "

" အနှောင့်အယှက်ပေးမိတဲ့အတွက် ဆောရီးပါအန်တီ ၊ သွားခွင့်ပြုပါဦး "

Avi ဒီတိုင်း လှည့်ပြန်ဖို့လုပ်လိုက်ပေမဲ့ Cathy
ပြန်လာမဲ့တစ်ပတ်လောက်ဆိုတဲ့အချိန်က
သေချာတဲ့အချိန်တစ်ခုမဟုတ်။ Cathy သာစိတ်မပါရင် အဲ့နေရာမှာ နှစ်ပတ်လောက်လည်းနေနိုင်သလို တစ်လအထိလည်းကြာသွားနိုင်သည်။Cathy မရှိတဲ့အချိန်အတွင်း ဆိုးရွားတဲ့တစ်ခုခုဖြစ်သွားမယ်ဆိုရင်သူဘယ်လိုလုပ်ရမလဲ ၊ Willy ကိုယ်ထဲက ကပ်ပါးကောင်ကိုသူတစ်ယောက်တည်းရင်ဆိုင်နိုင်ပါ့မလားဆိုတာရှိ​သေးတယ်။ သူကိုယ်တိုင် Cathy ကိုသွားခေါ်လိုက်ရင်ရော ။

" Aunty Irene,Catherine နေတဲ့နေရာကိုပြောပြပေးပါလား "

သူမေးသည့်မေးခွန်းကြောင့် Cathy အမေ ကြောင်သွားပြီးသူ့ကိုထူးဆန်းတဲ့သူလို့ထင်သွားနိုင်တာကြောင့် နောက်စကားတစ်ခွန်းပါ ထပ်မံဖြည့်စွတ်လိုက်ရသည်။

" အရမ်းအရေးကြီးနေလို့ပါ ၊
ကျေးဇူးပြုပြီး "

Aunty Irene က သက်ပြင်းကိုခပ်ဖွဖွချလိုက်ပြီးနောက်

" Cathy နေတဲ့နေရာက ရိုတေးနီးယားဆိုတဲ့မြို့လေးမှာ ၊ ဒီကနေ လေးနာရီလောက်ကားမောင်းရင်ရောက်တယ် ။ အိမ်အမှတ် *** , *****လမ်းမှာ ။ "

Resinner : Resystem ( Complete )Where stories live. Discover now