8:33

1.6K 298 1
                                    

8:33

" ကြာနက်အဆိပ်ပိုင်ရှင်က ကြာနက်အဆိပ်မိတဲ့သူကို ခြေရာခံလို့ရတယ် "

Avi လက်ကောက်ဝတ်ကိုယူကာ သွေးကြောစမ်းနေသည့်အချိန် Avi မေ့နေသည့် အဓိက အချက်ကို
နတ်သခင်ရီဟွမ်းရှင်းက ထောက်ပြလိုက်ခြင်း ပင်။ ဟုတ်တာပေါ့ သူရှိတဲ့နေရာကို အန်းရိလုံက သိနိုင်တယ်လေ ။ avi ဘယ်လိုဘဲအပြင်ပန်းရုပ်ဖျက်ထားပါစေ ၊ခန္တာကိုယ်အတွင်းမှာရှိနေသည့် ကြာနက်အဆိပ်ကိုတော့ ရုပ်ဖျက်လို့မှ မရတာ ။ အဲ့ဒီ့နေ့ avi အဲ့ဒီ့နေရာမှာရှိနေတာကို အန်းရိလုံ သိရက်နဲ့မသိချင်ယောင်ဆောင်နေခြင်း ။

" ရီမော့ မင်းအဆိပ်က အရင်ကထက်ပိုပြီးသက်သာလာတယ်လို့ ခံစားရဖူးလား "

Avi ခေါင်းညိတ်လိုက်သည်။ သေချာတာပေါ့သူခံစားခဲ့ရတာပေါ့ ။ဟိုနွားမိစ္ဆာဆီက အဆိပ်မိခဲ့တဲ့အချိန်တုန်းက သူအဆိပ်ကိုအဆိပ်နဲ့တိုက်ဖျက်ခဲ့ပြီးနောက် သူ့ခန္တာကိုယ်က အရင်ကထက်ပိုပြီး ကောင်းမွန်လာခဲ့တာ သူအသိဆုံးလေ ။

" ဒါဆိုရင် မင်းအဲ့အချိန်လောက်တုန်းက ဘာတွေလုပ်ခဲ့သေးလဲ "

" ကျွန်တော် ငါးရောင်ခြယ်နတ်ဆေးပင်ပထမဆုံး စရတဲ့အချိန်က အဆိပ်ပြေလိုပြေငြား နည်းနည်းစားလိုက်သေးတယ် "

ရှစ်စွမ်းမေးသည့်အဖြေကိုavi သိလိုက်ပေမဲ့ အဖြေကို လွှဲမှားစွာ ဖြေလိုက်သည်။ သူ ထိုအချိန်က သူများဆီကနေ ငါးရောင်ခြယ်နတ်ဆေးပင် ကိုသွားလုလာခဲ့သည်ဆိုတာက ရှစ်စွမ်းကြားလို့လည်းမကောင်းသလို ဆရာတူအစ်ကို သိရင်လည်းမကောင်းပေ။

" အဲ့ဒါကြောင့် အခုပိုဆိုးကုန်တာ ၊ ကြာနက်အဆိပ်က မင်းရဲ့အတွင်းပိုင်းက သိဒွီအမြုတေ ကို ပျက်စီးစေနိုင်ပြီး နောက်ဆုံးအနေနဲ့ မင်းရဲ့ အသိဝိညာဥ်ပါပျက်စီးသွားနိုင်တယ် "

" အဲ့လောက်တောင်ဆိုးလား "

Avi တအံ့တသြဖြင့်မေးလိုက်သည်။ နတ်သခင်
ရီဟွမ်းရှင်းက ခေါင်းညိတ်လိုက်၏။
အရင်ကျန်းရီမော့ဘဝတုန်းက အန်းရိလုံ ၊ကြာနက်အဆိပ် ၊ ပြီးတော့ လုကွမ်ကျိုးပေးခဲ့သည့် အဆိပ်ဖြေဆေး ။အခု လက်ရှိတွင်မူ
အန်းရိလုံ ၊ ကြာနက်အဆိပ် ၊ ငါးရောင်ခြယ်နတ်ဆေးပင်အတု ၊ နွားမိစ္ဆာရဲ့အမည်မသိ ပြင်းထန်သည့်အဆိပ် ။အကယ်၍ ဒါတွေအကုန်လုံးရဲ့နောက်ကွယ်မှာ အန်းရိလုံသာရှိနေသည်ဆိုလျှင်
ကျန်းရီမော့အပေါ်အန်းရိလုံရဲ့မကျေနပ်ချက်က ကြာနက်အဆိပ် သွားခိုးယူခဲ့သည်မှ စတင်ခဲ့သည်မဟုတ်တန်ရာ ။ အခြားတစ်ခုခု ရှိနိုင်လောက်သေးသည်။

Resinner : Resystem ( Complete )Waar verhalen tot leven komen. Ontdek het nu