7:13

2.7K 456 1
                                    

Arc 7:13

နာရီလက်တံအတို 9 ကိုညွှန်ပြသည့်အချိန်မှ Adam ရဲ့အမေက အိမ်ကိုပြန်လာသည် ။ မနက်ကတည်းက ထွက်သွားသည့် Adam ရဲ့အမေက ည၉နာရီမှပြန်ရောက်လာသည်။ ဒီကြားထဲအချိန်တွေဘယ်မှာဘာလုပ်နေမှန်းမသိပေမဲ့စာကြည့်တိုက်မှာ မရှိတာတော့ကျိန်းသေ သည်။

" Adam မင်းကိုဆေးရုံမှာသွားကြည့်သေးတယ် ၊ ဆေးရုံဆင်းသွားပြီပြောတော့စိတ်ပူသွားတာဘဲ ။ အိမ်ကိုပြန်မယ်ဆိုရင် အကြောင်းကြားတာမဟုတ်ဘူး ၊ ပြီးတော့ ဆေးရုံမှာ စိတ်ချရအောင်တစ်ရက်လောက်ထပ်နေလည်း ရသားဘဲကို "

" ကျွန်တော် အမေ့အကြောင်းကြားခဲ့တာတွေရှိတယ် ၊အဲ့ဒါအမှန်ဟုတ်မဟုတ်ကျွန်တော်သိချင်တယ် "

" Willy သတိရလာပြီဆိုတဲ့အကြောင်းလည်း ကြားခဲ့သေးတယ် "

" အဲ့ဒါဆို သိလောက်ပြီပေါ့ "

Adam ရဲ့အမေက သူအရှေ့ကခုံ
ကိုဆွဲထုတ်လိုက်ပြီး Avi နဲ့မျက်နှာချင်းဆိုင်နေရာတွင်ထိုင်လိုက်သည်။ Adam ရဲ့အမေပုံစံကိုကြည့်ရတာ Adam ကိုအကြောင်းစုံပြောပြဖို့ ဆုံးဖြတ်ချက်ချပြီးသွားသည့်ပုံရသည်။ Avi လည်း ပုံစံမပျက်ထိုင်ကာ Adam အမေ ပြောမည့် အကြောင်းတွေကို နားထောင်ရန်နေရာယူလိုက်သည်။

" အခုဘယ်နေရာအထိသိပြီးသွားပြီလဲ Adam "

" အမေက Lynx ရဲ့ကနဦးကိုးကွယ်သူဆိုတဲ့နေရာကနေ စပြီးတော့ သိပြီးပြီ "

Adam ရဲ့အမေက ရေခွက်ထဲက ရေကို အနည်းငယ်သောက်လိုက်ပြီး

" သားသိထားတာ နည်းနည်းတော့အမှားတွေပါတယ် အမေက ကနဦးကိုးကွယ်သူမဟုတ်ဘူး ။ အမေတို့မိသားစုက မျိုးရိုးစဥ်ဆက် Lord Lynx ကိုကိုးကွယ်ကြတာ ၊ အဲ့လိုမျိုး မျိုးဆက်တစ်ခုပြီးတစ်ခုကိုးကွယ်ကြတဲ့သူတွေက အမေတို့မိသားစု တစ်ခုတည်းရှိနေတာမဟုတ်ပေမဲ့ Lord Lynx ကိုကိုးကွယ်တဲ့သူတွေ ငရဲကိုသွားရမယ်ဆိုတဲ့အချက်ကပြောင်းလဲသွားတာမှမရှိတာ ၊
မြင့်မြတ်တဲ့ယုံကြည်မူကိုစွန့်ပယ်ပြီး
မိစ္ဆာနတ်ဆိုးကိုးကွယ်သူအဖြစ်ပြောင်းလဲရတာ လွယ်တဲ့ကိစ္စလည်းမဟုတ်ဘူးလေ "

Avi သူမသိသေးသည့် အကြောင်းအရာတွေပါပါလာသည့်အတွက် ပုံပြင်တစ်ပုဒ်နားထောင်နေသလို စိတ်ပါဝင်စားစွာ နဲ့နားထောင်လိုက်သည်။

Resinner : Resystem ( Complete )Where stories live. Discover now