10:3

1K 176 2
                                    

Arc10:3

Avi သူ့ကိုယ်သူ မှန်ထဲနောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။ကတုံးဆံတောက်နှယ်
ဖွာလန်ကြဲဆံပင်အတိုဟာ သူနဖူးပြင်ထက်၌ ပျော့ပျောင်းစွာ ကျဆင်းနေပြီး သွေးမရှိဖြူလျော်နေသည့် မျက်နှာက နှစ်သုံးဆယ်ကျော်ကြာရင်းနှီးမူကို ဆောင်ကြဥ်းပေးနေသည်။Avi သူ့မျက်နှာကိုသူ လက်ဖြင့်ကိုင်ကြည့်လိုက်တော့ လက်ချောင်းများတွင်ရှိနှင့်ပြီးသား လက်သည်းအချွန်များက သတိမမူမိလိုက်သည့်အချိန်ခဏ သူ့မျက်လုံးကို ထိုးဖောက်တော့မတတ်ဖြစ်သွားခဲ့သည်။ မှန်ထဲရှိပုံရိပ်ကိုကြည့်ရင်း Avi ပြုံးပြလိုက်သည်။

'မတွေ့ရတာ ကြာပြီ တုယွမ် '

" Lord Lynx " နောက်တစ်ဖန်ထပ်ကြားလိုက်ရသည့် ရင်းနှီးနေသောအသံကြောင့် Avi ပြုံးမိတော့မတတ်ဖြစ်သွားသည်။ ရင်းနှီးနေတဲ့သူတွေနဲ့ ဦးဆုံးတွေ့ရတတာ ဘယ်လောက်တောင်ကောင်းလိုက်လဲ ။

" အခြေအနေဘယ်လိုလဲ Rinata "

ပြုံးပြီးပြောလိုက်သည့် Avi အပြုံးကိုကြည့်ရင်း Rinata ခန္တာကိုယ်သည် ငြိမ်သက်သွားသည် ။ ဒီကမ္ဘာထဲမှာပင် သူနှင့်ရင်းနှီးဖူးခဲ့သော အရာများနှင့်တစ်ခုပြီးတစ်ခု ရင်ဆိုင်တွေ့နေရသည်မှာ ကံကောင်းခြင်းလား ၊ ကံဆိုးခြင်းလား ။

ပထမမှာ နတ်ဆိုးဘုရင်ကြီးနှင့်အတူရှိစဥ်ငတွေ့ဖူးသည့်ချော်ရည်ပူများ။ပြီးတော့တုယွမ်ရဲ့မျက်နှာ၊ အခုတော့ Rinata ။

Avi အခုရောက်နေသည့် ခန္တာကိုယ်က ဒီကမ္ဘာဇာတ်ကြောင်းမှာ ခဏတောင်ပေါ်လာခြင်းမရှိသည့် အမှောင်ထုရဲ့နတ်ဘုရား Lynx ရဲ့ခန္တာကိုယ်တွင်ဖြစ်သည်။ အရင် Adam ဘဝတုန်းက ( Arc 7 )သူကိုယ်တိုင် ဒီငရဲထဲကိုထည့်ပေးခဲ့တဲ့ မကောင်းဆိုးဝါးကောင်ပင်။ အခုတော့ သူ့မှာ သူ့အတတ်သူစူး သည်ဟု ပြောလို့ရသည့်အထိ ဒီငရဲတွင် Rinata နဲ့အတူ ပိတ်မိနေသည်။ ဘယ်လောက်ပဲ နှစ်တွေကြာတယ်ဆိုဆို ချိတ်ပိတ်အစီအရင်က အသက်ဝင်နေဆဲပင် ။Adam ဘဝက သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းကောင်းမွန်ခဲ့သည်အတွက် ပျော်ရွင်ရမလို ၊ ဝမ်းနည်းရမလို ခဏတာ ဒွိဟ ဖြစ်သွားခဲ့သည်။

" အရင်အတိုင်းပါပဲ "

Avi မတွေ့ရတာ ကြာပြီဖြစ်ပေမဲ့ မပြောင်းလဲသေးတဲ့ Rinataကို စိုက်ကြည့်လျက်

Resinner : Resystem ( Complete )Where stories live. Discover now