7:15

2.7K 463 0
                                    

Arc 7:15

Avi မြေကြီးပေါ်မှာကျနေသည့် ဓားကိုကောက်ယူပြီး Lynx ကိုထိုးဖို့အတွက်ပြေးသွားလိုက်သည်။ အလကားနေဓားတစ်ချောင်းကသူ့အလိုလို Willy ဆီကနေ ထွက်လာမှာမဟုတ်၊ သေချာတာကတော့ ဒီဓားက Systemကနေတစ်ဆင့် Willy ရသည့်
Lynx ကို ဒုက္ခပေးနိုင်မည့် ဓားတစ်ချောင်းဖြစ်လိမ့်မည်။ Lynx ကိုအလစ်အငိုက်ထိုးဖို့ လုပ်ထားပေမဲ့ Lynx က သူလှုပ်ရှားမူကိုသိနေသကဲ့သို့သူ့ကို တားဆီးထားနိုင်သည်။ Avi လက်ထဲရှိဓားကိုလွှတ်ကျအောင် လက်ကိုလိမ်ချိုးလိုက်ပြီး ပြုတ်ကျသွားသည့်ဓားကိုအဝေးသို့ကန်ထုတ်လိုက်သည်။

စောနက Lynx ရဲ့ကန်ချက်တွေကို လိမ့်နေအောင်ခံထားရသည့် Willy က ထပ်ပြီးမထနိုင်တော့ပေ။ ဒါကြောင့် Lynx ရဲ့ ထိုးချက်တွေက သူ့ဆီကိုရောက်လာသည်။ Lynx အနေနဲ့ဆိုသူတို့ကို ချွေးတောင် ထွက်စရာမလိုဘဲသတ်နိုင်ပေမဲ့ သူတို့ကိုအသားနာအောင်ရိုက်နှက်နေရသည်ကို ပျော်ရွင်နေပုံရသည်။ အရိုက်ခံရတယ်ဆိုတာက ရိုက်တဲ့သူအတွက်ဘာမှမဖြစ်ပေမဲ့ အရိုက်ခံရတဲ့သူတွေကတော့စိတ်ရောကိုယ်ပါ နာကျင်ရသည်။

" Adam မင်းဘာလို့ငါ့ကိုမုန်းတီးနေရတာလဲဆိုတဲ့အဖြေ ငါရှာမတွေ့ဘူး ၊ အမှန်ဆိုမင်းက ငါ့ရဲ့ကိုးကွယ်သူတစ်ယောက်
ဖြစ်နေရမှာ "

Avi လည်းအမှန်အတိုင်းပြောရရင် အစကတည်းက Lynx ကိုမမုန်းတီးခဲ့ ၊ ဒီတိုင်းသူလုပ်ရမည့်အလုပ်တစ်ခုလိုယူဆပြီးရှေ့ဆက်လုပ်နေရတာဖြစ်သည်။ပြီးတော့အခုလိုတုယွမ်ရဲ့မျက်နှာနဲ့ Lynx ကိုမုန်းဖို့ဆိုတာ က ပိုလို့တောင်မဖြစ်နိုင်သေး။ ဒါပေမဲ့ဒီစကားတွေကိုLynx ကိုထုတ်ပြောလို့မှမဖြစ်တာ ၊ အဲ့တော့ပါးစပ်ပိတ်နေရုံပေါ့ ။

" မင်းအမေက ငါ့ကိုကိုးကွယ်တာ Adam ရဲ့၊
ပြီးတော့မင်းရဲ့အခုလက်ရှိအသက်က ငါပေးထားတဲ့အသက် ၊ မင်းကငါ့ကို ကိုးကွယ်ရမှာ, ခစားရမှာ "

Lynx ပြောသည့်စကားတွေက သူ့နားထဲ ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်။ Lynx ရဲ့ထိုးချက်တွေက သူ့ရဲ့နားကို ခဏလောက်ထိခိုက်သွားတယ်ထင်ရသည်။ တော်တော်ဆိုးလိုက်တာ... ငါက ဒီမှာအထိုးခံနေရတယ်တဲ့ ။

Resinner : Resystem ( Complete )Onde histórias criam vida. Descubra agora