6:12

4.2K 671 13
                                    

Holy shit!!
သူ့ရှေ့မှာ မေ့လဲမတတ်ငိုနေပြီး နံရံကို လက်သီးဖြင့်သွေးထွက်သည်အထိ ထိုးနေသည့်Zero ကိုကြည့်ကာ သူစိတ်မကောင်းဖြစ်လာသည်။

' မင်းအရင်ဘဝတွေငါသေသွားတုန်းကတောင်ဒီလောက်မငိုခဲ့ဖူးဘူးလားလို့။
တော်တော့ မငိုနဲ့တော့ ဟုတ်ပြီလား၊
ငါဝိညာဥ်တွေက အကောင်းကြီးရှိသေးသလို
မင်းအခုဆုံးရှုံးရတာကလည်း ခန္တာကိုယ်အခွံတစ်ခုသက်သက်ပါဘဲ '

ငိုနေသည့် ရတုနားကိုသွားပြီး သူ့စကားကိုမကြားနိုင်မှန်းသိပေမဲ့ နှစ်သိမ့်ပေးနေမိသည်။

' One ငါဒီကမ္ဘာမှာ ဘာတွေလုပ်စရာရှိသေးလို့လဲ ချက်ချင်းပြန်လို့မရဘူးလား '

( အခြားလုပ်စရာ တစ်ခုကျန်ပါသေးတယ်ပြီးတာနဲ့ Host လိုချင်တာဆက်လုပ်လို့ရပြီ )

လုပ်မယ်လေ အဲ့တာ။
ဒီတစ်ခါ Zero ငါသေသွားပြီးနောက်ပိုင်း ဘာတွေဖြစ်မလဲဆိုတာ Screen ကနေ မကြည့်ရတော့ဘဲ တိုက်ရိုက် Live ကြည့်ရတာပေါ့ မဆိုးပါဘူး ၊နေပျော်ပါတယ် ။

' ဟုတ်တယ်မလား Zero '

အနောက်ဘက်က ပြေးလာသည့် ခြေသံကြမ်းကြမ်းကို ကြားလိုက်ရသဖြင့် သူလှည့်ကြည့်မိတော့ ထိုအရာက သူ့ရဲ့ကိုယ်ကိုဖောက်ထွက်သွားသည်။
Zero ကို ကော်လံမှဆွဲကိုင်ကာ ထိုးရန်ပြင်
နေသည့်နှိုင်းစစ်သွေးမာန်၊ နှိုင်းစစ်ကိုအတင်းပြန်ထိန်းကာ
ဆွဲထားသည့် ငြိုးမာန်ခနိုင်၊ ကြည့်ရတာ ငြိုးမာန်ခနိုင်က နှိုင်းစစ်သွေးမာန် ခေါ်တာနှင့်ချက်ချင်း ပြေးလာရသည်ထင်သည်။လမ်းမှာသူ့ကို ထရပ်ကားနှင့်တိုက်သတ်တုန်းက ဝတ်ထားတဲ့အရာဖြစ်လောက်မည့် လက်အိတ်ကို အခုထိမချွတ်ရသေး ၊
ဒီသုံးယောက်က ငါ့ရှေ့မှာ ဒီလိုပုံစံဖြစ်နေတော့ ဘာလဲ ငါက ဖျာခင်းပြီးပွဲဲကြည့်ပေးရမှာလား ။

" မင်းလုပ်တာဘဲမဟုတ်လား  ပြန်ပေးကောင် မင်းဘဲ လွင်ပြင်ကိုသတ်လိုက်တာမဟုတ်လား "

" အဟက် ရယ်ရလိုက်တာ အနီးဆုံးလူကရန်သူဆိုတဲ့စကားကို ခင်ဗျားမမေ့သင့်ဘူး ကန်းနေတယ်ထင်ပါရဲ့ "

Zero ပြောလိုက်သည့်စကားကြောင့် မျက်နှာ အနည်းငယ်တောင်မပျက်ဘဲ နဂိုမူရင်းအတိုင်းဆက်ထိန်းထားနိုင်သည့်
ငြိုးမာန်ခကို Avi ပွဲကြည့်နေရင်းနှင့်ပင် လက်ခုပ်လက်ဝါးတီးကာ အားပေးမိလိုက်သည်။ ဒီအခြေအနေဆို သူ့လောက်နီးနီးသရုပ်ဆောင်ကောင်းနေတာ မဟုတ်ဘူးလား၊ Sinner ကလွှဲ ပြီးကျန်တဲ့သူတွေအလိမ်ခံရတာကိုလည်းမပြောနဲ့လေ ၊ ဒီကောင်ရဲ့ သရုပ်ဆောင်ချက်တွေက ချို့ယွင်းချက်မှမရှိတာ ။

Resinner : Resystem ( Complete )Unde poveștirile trăiesc. Descoperă acum