6:6

4.5K 661 6
                                    

အပြင်ဘက်မှ တံခါးခေါက်သံတိုးတိုးနှင့်
အမေဟုခေါ်သည့်မိန်းမရဲ့ခေါ်သံကို ကြားရသည့်အခါ သူလုပ်လက်စအရာတွေကို လက်စသတ်ပြီး တံခါးသွားဖွင့်ပေးခဲ့သည်။ တံခါးဖွင့်လိုက်သည့်အချိန် သူ့ဆီ ပထမဆုံးရောက်လာသည်က ချဥ်စော်နံနေသလိုအလွန်ဆိုးရွားသည့်အနံ့၊ထို့နောက် သူ့အမေရဲ့ အကောင်းစား ရေမွှေးနံ့။

မညှပ်ရသေးတာ ကြာပြီဖြစ်နိုင်လောက်တဲ့ဆံပင်ရှည်တွေနဲ့အတူ မျက်နှာမှာကပ်နေသည့် ဘာတွေမှန်းမသိသည့် မည်းညစ်ညစ်အရာများက ကြည့်ရုံနှင့်တင် ရွံရှာဖွယ်ကောင်းပြီး စိတ်ညစ်စရာ ၊ သူ့အမေပြောသည်ကတော့ သူ့အတွက် ခေါ်လာပေးသည့် အဖော် တဲ့ ။ သေဆုံးသွားခဲ့သည့် ခွေးလေးအစား နောက်ထပ် သူငယ်ချင်းတစ်ယောက်ကို အစားခေါ်လာပေးခြင်းတဲ့၊ ထို ခွေးလေးကို ဘယ်သူကဘဲ အညာအတာမဲ့စွာ မသေမချင်း တုတ်နှင့်ရိုက်သတ်ခဲ့ပါသနည်း။ အခုမှ အလျော်အစားဆိုသည့်သဘောအနေဖြင့် ခွေးထက်လူစကားနားလည်သည့် လူမကျ တိရစ္ဆာန်မကျတဲ့ အကောင်ကို ဘယ်နေရာကကောက်လာမှန်းမသိ သူ့ကိုလာပေးသည်။ထိုခွေးကို သူ့ရဲ့အိမ်မှာ ခေါ်ထားမည်ဆိုလျှင်သူ့အတွက် ဘာအကျိုးအမြတ်များ ရနိုင်ပါမည်လဲ ။

ဟုတ်သား... သူစမ်းသပ်လို့ရလောက်သည်၊ သူပြုလုပ်ထားတဲ့အရာတွေအတွက် စမ်းသပ်ခံလုပ်လို့ရသည်။

ထိုခွေးကို အစေခံတစ်ယောက်အား ရေချိုးခိုင်းစေပြီး မှ သူ့ဆီခေါ်လာခဲ့ခိုင်းသည်။
ရေချိုးပြီးပြီးချင်းရောက်လာသည့် ခွေးရဲ့ ပုံစံက ခုနက ပထမဆုံးမြင်ရသည်ထက် အဆပေါင်းများစွာ သာနေသည်။
အနည်းငယ် နီကျင့်နေသည့် အသားအရေနှင့်အတူ အညိုရောင်ဆံပင်အလိပ်အခွေလေးတွေက ပုခုံးပေါ်မှာ ကျနေသည်။ထိုဆံပင်တွေကို အစက ညှပ်ပစ်မယ်ဟုတွေးထားပေမဲ့ အခုသူ ညှပ်ချင်သည့်စိတ်မရှိတော့။ ထိုဆံပင်တွေကိုအခုအတိုင်းဘဲထားခိုင်းမည်။

ထိုခွေးရဲ့နာမည်ကို မေးကြည့်တော့ လွင်ပြင်ရိပ် ။ထို့နောက်ထမင်းစားရန်အတွက် သူနှင့်အတူတူ ခွေးကို လွင်ပြင်ရိပ်ကို အောက်ထပ်သို့ခေါ်လာသည်။ ဒီနေ့က ပထမဆုံးဖြစ်သည့်အတွက် ထိုခွေးကို အကောင်းမွန်ဆုံးသော ဇိမ်ခံခြင်းများပေးသနားရမည်။ သူ့ရှေ့မှာ ထမင်းပူ ဟင်းပူတွေကို အေးတာတောင်မစောင့်နိုင်ဘဲ အတင်းထိုးသွင်းစားနေသည့် ခွေးက ဂဏှာမငြိမ်ပေ။ ကြည့်ရတာ အမေက ငတ်ပြတ်နေသည့်ခွေးကို ခေါ်လာပုံရသည်။
စားနေရင်းနှင့်ပင် သခင်ဖြစ်သည့် သူ၏ အရိပ်အခြည်ကို တစ်ချက်တစ်ချက် ဝေ့ကြည့်တတ်သေးသည်။

Resinner : Resystem ( Complete )Where stories live. Discover now