10:23

771 143 2
                                    

Arc 10:23

" ဟေ့... Zole မင်းကြည့်ရတာ ပင်ပန်းနေတဲ့ပုံပဲ "

" ရှူး... "

အခန်းအလယ်တွင်မတ်တပ်ရပ်နေသည့်
Zole က လက်ကာပြ ကာ တိတ်တိတ်နေဖို့အချက်ပြလိုက်သည့်အတွက် Avi ရပ်တန့်လိုက်သည်။

အချိန်အတော်ကြာမှ Zole သည်မျက်လုံးနှစ်လုံးပွင့်လာခဲ့ပြီး သူ့ရဲ့သလွန်ထက်တွင်ထိုင်ချလိုက်သည်။

" မင်းပြန်လာပြီ "

" အင်း... ငါပြန်လာပြီ "

" အင်း "

Zole သည် သူ့ရဲ့မျက်ခုံးနှစ်ဖက်ကိုဖိနှိပ်၍ ဘာစကားမှထပ်မပြောတော့ဘဲ တိတ်ဆိတ်စွာနေနေတာကြောင့် Avi ကသာ သူရှိတဲ့နေရာသို့ နီးအောင် သွားလိုက်သည်။ Zole သည် Avi ရောက်လာမှန်းသိသည်တောင်မှ မလှုပ်ရှားဘဲ ဒီအတိုင်းထိုင်နေသည်။ Avi သည် ငုံ့ကျနေသော Zole ၏ ဦးခေါင်းကိုဆွဲယူ၍ သူ့ရဲ့ရင်ဘတ်အနီးသို့ဆွဲကပ်ကာ ပွေ့ဖက်ထားလိုက်၏ ။ Zole သည် ရုန်းကန်ခြင်းမပြုဘဲ Avi ရင်ခွင်ထဲတွင်အလိုက်သိစွာ နေနေသည်။Avi သည် Zole ၏ နူးညံ့နေသည့် ဆံသားကိုလက်ဖြင့်သိမ်းယူကာ နမ်းရှိုက်၍ အားပေးလိုက်သည်။

" ဘာမှမဖြစ်ဘူး ၊ တစ်နေ့ အားလုံး
ပြီးသွားလိမ့်မယ် "

" မင်းရော ငါရော အားလုံးရော တစ်နေ့ပြီးသွားလိမ့်မယ် Zole "

•••

" Zole!Zole! Zole! "

သူ့ဘေးတွင်ရှိနေရာမှ မှိန်ဖျော့လာသည့် Zole သည် Avi ကို ထိတ်လန့်စေခဲ့သည်။ အလင်းပေါက်မှန်သကဲ့သို့ အခြားတစ်ဖက်ကို ထိုးဖောက်မြင်နေရသည့် Zole က ထူးဆန်းနေသည်။ သူ ဒီလိုမှိန်ဖျော့သွားသည်တောင်မှ အပြုံးမပျက်သည့် Zole သည် ပို၍ ထူးဆန်းသည်။

" မင်းဘာဖြစ်သွားတာလဲ "

" ဖြစ်နေကျအရာပါပဲ "

" ဖြစ်နေကျဟုတ်လား! မင်းဘာလို့ ဒီလောက်ထိအေးဆေးနေရတာလဲ!ဟမ်...! "

" ပြောသားပဲ ဖြစ်နေကျပါလို့ ဖြစ်နေကျမို့လို့ ငါဘာမှမဖြစ်တာလေ "

အပြုံးတစ်ချက်မပျက်အေးဆေးနေသည့် Zole က Avi မျက်လုံးထဲစိမ်းသက်နေသည်။

Resinner : Resystem ( Complete )Kde žijí příběhy. Začni objevovat