9:19

1K 182 4
                                    

( Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။ )

" ဒုရဲအုပ်အေရိပ်ငြိမ်က ကျွန်တော့်ဆီဘာကြောင့်များ ရောက်လာတာလဲ ။ စစ်မေးစရာတွေရှိရင်လည်း အရင်ကအတိုင်း စစ်မေးခန်းကိုခေါ်ပြီး မေးရင်ရနေတာဘဲကို "

အေရိပ်ငြိမ်၏ မျက်လုံးအောက်ဘက်တွင် အညိုအမည်းကွင်းကြီးနှစ်ခုက နေရာယူထားပြီး မျက်လုံးအကြည့်များကအစ စိတ်အားထက်သန်မူများကို မတွေ့ရပေ ။

" ဒါမှမဟုတ် လူမသိစေချင်တဲ့ကိစ္စတစ်ခုခုများ မေးချင်လို့လား "

အေရိပ်ငြိမ်နှင့်သူ့ကြားတစ်ဆင့်​ခြား
ထားသည့် သံတိုင်များကို လက်​ဖြင့်
ထောက်မှီလိုက်ရင်း အေရိပ်ငြိမ်၏ မျက်လုံးများသို့တည့်တည့် စိုက်ကြည့်ကာ မေးလိုက်သည်။

"ကိုငြိုးမာန်ကတော့ အမှန်ကို တွေးတတ်တာဘဲ "

အေရိပ်ငြိမ်ရဲ့ ခြောက်ကပ်ကပ်ရယ်သံက ထူးဆန်းနေသည်။

" ကိုငြိုးမာန်တဲ့လား ။ ဒီနေရာက Forestnight club မှာမဟုတ်ဘူးလေ "

" အခု ကျွန်တော်ရောက်လာရတာ ဒုရဲအုပ်အေရိပ်ငြိမ်အနေနဲ့မဟုတ်ဘဲ Forestnight က အစ်ကိုအေ အဖြစ်နဲ့ပါ ။ ဒီလိုဘဲ ကိုငြိုးမာန်ကလည်း ကျွန်တော့်ကို အစ်ကိုအေအဖြစ်နဲ့ မြင်စေချင်တယ် "

" ကောင်းပါပြီ အစ်ကိုအေ "

အေရိပ်ငြိမ်သည် ခေါင်းထက်ဆောင်းထားသော
ယူနီဖောင်းဦးထုပ်ကို ချွတ်လိုက်သည်။ ပြီးနောက်သက်ပြင်းချကာ စကားတစ်လုံးဆီကို လေးပင်စွာ ပြောလာခဲ့သည်။

" အဲ့ဒီ့ညက ပေးလိုက်တဲ့စာထဲမှာ ကိုငြိုးမာန် ဘာအကြောင်းရေးပေးခဲ့တာလဲ "

Avi ထို Forestnight club ထဲဝင်ကတည်းက ရေးရသည့်စာဆို၍ တစ်စောင်သာရှိခဲ့ဖူးသည်။

" ကျွန်တော်ဘာမှထည့်မရေးပေးခဲ့ဘူး "

" ဘာကို..."

Avi သံတိုင်များကို လက်ဖြင့် ထောက်မှီထားခြင်းမှ ဖယ်ကာ

" ကျွန်တော်တကယ် ဘာမှကိုထည့်မရေးပေးခဲ့ဘူး အစ်ကိုအေ ဒီအတိုင်း ဗလာဘဲပေးလိုက်တာ "

Resinner : Resystem ( Complete )Where stories live. Discover now