9:9

1.3K 232 4
                                    

9:9

အထက်တန်းကျကျပြင်ဆင်ထားသည့်
မြန်မာရိုးရာစားသောက်ဆိုင်လေး ။ avi အထဲသို့ဝင်လာမိသည်နှင့် ရိုးရာဆန်သည့် အပြင်အဆင်ကြောင့်နှစ်ခြိုက်စွာ ပြုံးမိသည်။ သန့်ရှင်းသည်၊ ဝန်ဆောင်မူကောင်းသည်၊ အပြင်အဆင်လှသည်။ အဓိက အနေဖြင့်အရသာကောင်းသည့် ဟင်းလျာတွေကြောင့် နာမည်ကြီးသည်။ ဒီလိုဆိုင်ရဲ့ ပိုင်ရှင်က ယံနောင်ရဲ့အမေဖြစ်နေလိမ့်မည်ဟု avi မထင်ထားခဲ့ ။ယံနောင်မှ ဦးဆောင်ပြီး သီးသန့်အခန်းထဲတွင် avi ကို နေရာချပေးခဲ့သည်။

" ငါအဆင်ပြေပါ့မလား "

" ကျွန်တော်လည်း စိုးရိမ်နေတာ "

" ငါအဆင်မပြေမှာကိုလား "

ယံနောင်ချက်ချင်း ခေါင်းခါလိုက်သည်။

" မဟုတ်ဘူး ကျွန်တော်ပါ ၊ ကျွန်တော် အမေနဲ့ မတွေ့တာ နှစ်နှစ်လောက်ရှိပြီ "

" ငါ့ကြောင့်ပါ ၊ငါမကောင်းလို့ "

" မဟုတ်ပါဘူး ၊ ကျွန်တော်လည်း ကိုဉာဏ်နဲ့စတွဲကတည်းက မွေးပေးတဲ့အမေကိုဖွင့်ပြောဖို့စဥ်းစားနေခဲ့တာ။ပြီးတော့ အမေနဲ့မတွေ့ဖြစ်တာကလည်းကျွန်တော်တို့နှစ်ယောက်ကြား ပြသာနာလေးတွေရှိနေခဲ့လို့ "

Avi သူ့ရှေ့ရှိယံနောင် ကြိုငှဲ့ထားပေးသော ရေအေးတစ်ခွက်ကို မော့သောက်ရင်း ယံနောင်ကို အားပေးလိုက်သည်။

" ယံလေး မင်းရဲ့အမေက ငါတို့နှစ်ယောက်ကို လက်ခံပေးမှာပါ "

Avi စကားဆုံးသည်နှင့် သီးသန့်ခန်း၏ သီးသန့်ဆန် မနေသော အလှဆင်ထားသည့် တံခါးတစ်ချပ်ပွင့်လာကာ မြန်မာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ တစ်လုံးတည်းသော စိန်ကို နားတွင် ပန်ဆင်ထားပြီး ရိုးရှင်းလှသည့် မြန်မာဝတ်စုံဖြင့် အမျိုးသမီးမှာ avi ဘေးရှိ အဖြူရောင်ဆွယ်တာဝတ်ကာ ထိုင်နေသော ယံနောင်နှင့် ထပ်တူညီစွာ ရိုးရှင်းသည်။

" ယံနောင် "

" အမေ "

ယံနောင်၏ အမေဟု ခေါ်ဆိုပြီးနောင်တွင် ဥမ္မာဟု ခေါ်သော အမျိုးသမီး၏ မျက်နှာထက်တွင် စိုးရိမ်ရိပ်များ သမ်းသွားသည်ကို avi မြင်တွေ့လိုက်သည်။ခဏအတွင်း ထိုစိုးရိမ်ပူပန်နေသည့်မျက်နှာကို ပြန်ထိန်းချုပ်လိုက်သည်ကိုလည်း avi မြင်ခဲ့သည်။ဒါက သူ့သားဘေးမှာရှိနေသည့် သူစိမ်းဖြစ်သော avi ကိုမြင်ခဲ့ရသည့်အတွက်လည်း ဖြစ်နိုင်သည်။

Resinner : Resystem ( Complete )Onde histórias criam vida. Descubra agora