8:14

2K 345 1
                                    

8:14
Ver_vain

( host...host )

Avi,oneရဲ့အသံကြောင့် လေးလံနေသည့်မျက်လုံးကိုအားယူဖွင့်လိုက်သည်။ သူရောက်ရှိနေသည့်နေရာက မှောင်မဲကာ အရာအားလုံးဗလာကျင်းနေ
ပြီး သူ့ပတ်ပတ်လည်တွင် ဘယ်အရာမှမတည်ရှိတော့သလို သူကိုယ်တိုင်ကလည်း ဒီနေရာမှာ မတည်ရှိနေသလိုမျိုးပင်။

( host...ဘယ်မှာလဲ )

' ငါဒီမှာ '

( host ဘယ်မှာရှိနေလဲ )

' ငါဒီမှာ'

( host ဘယ်မှာလဲ)

' ငါဒီမှာလို့ '

စိတ်မရှည်တော့သည့်အတွက် အော်ပြောလိုက်ပေမဲ့သူ့ရဲ့အသံကို one မကြားနိုင်သည့်ပုံရသည်။
သူရှိနေတဲ့နေရာကို one မသိဘူးလား ။

' one...one '

သူမျက်လုံးကိုမှိတ်ကာ one ကိုအာရုံပြုလိုက်ပြီး
သူ့ရဲ့စိတ်ထဲမှာ one ရဲ့နာမည်ကိုသာ အထပ်ထပ်ခေါ်နေလိုက်သည်။

( host ဘာလို့ဒီမှာရှိနေတာလဲ)

One ရဲ့အသံကြောင့် သူမျက်လုံးဖွင့်လိုက်တော့ ခုနက သူရောက်နေသည့်နေရာနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ အရာအားလုံး အဖြူရောင်တွေအဖြစ်မြင်နေရသည်။

' ငါအရင်ကတည်းက ဒီမှာရှိနေတာဘဲလေ '

( host နွားမိစ္ဆာရဲ့ လက်သည်းကိုခံလိုက်ရပြီး မေ့လဲသွားကတည်းက host ကိုကျွန်တော်ဘယ်နေရာမှာမှ ရှာမတွေ့တော့တာ )

Avi, one ပြောသည့်စကားကို သေချာစဥ်းစားပြီး သူ့ရဲ့ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။အချိန်အနည်းငယ်ယူပြီးသည့်နောက်တွင်

' one ငါအခုဘယ်နေရာရောက်နေတာလဲ '

( အရင် host နေခဲ့တဲ့နေရာဘဲ ၊
host ရုတ်တရက် ပျောက်သွားတော့ ဒီမှာရှိနေနိုင်တယ်ဆိုပြီးလာရှာတာ)

' ဒါငါနေတဲ့ အရင်နေရာဟုတ်လား '
မြင်မြင်သမျှအားလုံးအဖြူရောင်ဖြစ်နေပြီး သန့်ရှင်းစင်ကြယ်မူကိုတောင် ခံစားနေရတဲ့ မရင်းနှီးသည်နေရာကိုမေးလိုက်တာကြောင့်

( host က အခု ဝိညာဥ်စွမ်းအင်ပြည့်ဝနေတာလေ ၊ ဒီတော့ ဒီနေရာကလည်း စွမ်းအင်အပြည့်ရှိနေတာပေါ့)

Resinner : Resystem ( Complete )Where stories live. Discover now