10:25

1K 154 7
                                    

Arc 10:25

Lynx ကိုကြည့်ရင်းနှင့်ပင် မန္တာန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်သည်။ Lynx ရဲ့အနောက်ဘက်တွင် ရွှေဝါရောင်အလင်းလုံးတစ်လုံး ပေါ်ပေါက်လာပြီး ထိုအလင်းလုံးကို သူတို့နှစ်ယောက်ဆီခေါ်ယူလိုက်သည်။ Lynx နှင့်သူ လှုပ်ရှားဖို့မလိုဘဲ ထိုအလင်းလုံးက နာခံစွာ သူတို့နှစ်ယောက်အား ဝါးမြိုလိုက်သည်။

Lynx ၏ ပဟေဋ္ဌိ များနှင့်ပြည့်နှက်နေသော နက်စွေးသည့်မျက်ဝန်းတောက်တောက်များထံမှ သူအကြည့်မလွှဲနိုင်သေး။ Lynx သည် ရုတ်တရက် သူ့ရဲ့နတ်ဆိုးဆန်သည့် အစွယ်များပေါ်သည့်အထိ ရယ်လိုက်သည်။ Lynx ရယ်လိုက်သောအခါ မှ Lynx ရဲ့ ဘယ်ဘက်ပါးပြင်မှာလည်း သူ့နဲ့ပုံစံတူ ခွက်ဝင်သွားသော ပါးချိုင့်တစ်ခုရှိကြောင်းသတိထားမိလိုက်သည်။ သူဘယ်လောက်များ တုံးအမိပါလိမ့်။ သူနှင့်အချိန်အတော်ကြာနေပေးခဲ့ဖူးသည့် Lynx တွင် ပါးချိုင့်တစ်ဖက်ရှိနေခြင်းကိုမသိရသည့်အထိ သူဂရုမစိုက်မိခဲ့ ။ Lynx သည် သူနဲ့ရှိနေချိန်တွင် ဒီလိုမရယ်ဖူးသည့်အတွက်လား ၊ ဒါမှမဟုတ် ပါးချိုင့်ပေါ်သည့်အထိ မရယ်ဖူးခြင်းကြောင့်လား ။ Lynx ရယ်ခြင်း အများစုကို သူမြင်ဖူးသည်။ Lynx သည် ခေါင်းကိုအပေါ်မော့၍ မျက်ရည်ထွက်သည့်အထိ တဟားဟား အော်ရယ်ရင်ရယ် မဟုတ်ပါက ခေါင်းကို မြေပြင်သို့ စိုက်ငုံ့ရင်း လှောင်ရယ်ရင်ရယ်ဖြင့် သူ့ရဲ့အပြုံးကို တစ်ခုမှသေချာမပြသခဲ့ဖူး။

" ဟေး...Zole "

Lynx နှင့် သူ့ရဲ့နဖူးပြင်များသည်တွဲစပ်ထားတုန်းပင်။ Lynx ၏ ဒီအပြုံးကိုသူအခုမှ မြင်ဖူး၍ အတွက်ကြောင့်လားမသိ။ ဒီအပြုံးနှင့် သူအလွန်အမင်းစိမ်းသက်နေသည်။

" ပြော Lynx "

သူ့အသံသည်တိုးတိမ်နေသည်။

" အကယ်၍ ရုတ်တရက်ကြီးငါ ပြောင်းလဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ "

Lynx သည် စနောက်သလို သူ့ရဲ့နှာခေါင်း
ကို နှုတ်ခမ်းဖြင့် ထိရုံမျှ ပွတ်သပ်ပြီး မေးခြင်းဖြစ်သည်။ ထူးဆန်းစွာ ထိုအရာကိုသူ မနှစ်မြို့သလိုမခံစားရ။

" ဘယ်အတိုင်းအတာထိ ပြောင်းလဲသွားမှာလဲ "

Lynx ၏ အနက်ရောင်မျက်လုံးများထဲတွင် အလင်းတစ်ချက် ဖြတ်ခနဲ လင်းလက်သွားသည်။

Resinner : Resystem ( Complete )Where stories live. Discover now