8:36

1.6K 282 0
                                    

မူလက သွေးတို့ဖြင့်ရွှဲနေသည်ဖြစ်ပါသော်ငြား အချိန်ကာလတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်တာကြောင့် avi ခန္တာကိုယ်ရှိ ဝတ်စုံ၏ သွေးစက်များ ခြောက်ကပ်သွားကာ ဝတ်စုံ၏ သွေးများရွှဲနေသည့်
အပိုင်းတွင် အေးစက်ကာ ခဲတောင့်နေသည်။ ထို့အတူ အနည်းငယ်လည်း လေးလံနေသေး၏ ။

Avi ဝတ်စုံလဲမဝတ်သေးဘဲ သူ့ရဲ့ဆရာတူအစ်ကို လွီရီဝေနေထိုင်သည့်ကျောက်ဂူအတွင်းသို့ အရင်ဦးတည်သွားလိုက်သည်။ ထိုကျောက်ဂူအတွင်းတွင် ဆရာတူအစ်ကိုအပြင်အခြားတစ်ယောက်ပါရှိနေပြီး
အခြားတစ်ယောက်က ဆရာတူအစ်ကိုကို အစီရင်ခံနေ၏။ avi ရောက်လာသည်ကို အခြားတစ်ယောက်က မြင်သည်နှင့် လက်သီးနှစ်ဖက်ကိုဆုပ်၍ဦးညွတ်ကာအရိုအသေပေးလိုက်သည်။

" ရှစ်စွမ်းကိုအပြည့်အဝ မစောင့်ရှောက်နိုင်တဲ့အတွက် ဒီတပည့်ကိုခွင့်လွှတ်ပေးပါ "

ပုံမှန် ရိုးသားဖြူစင်သည့်အပြုံးများပြုံးတတ်လေ့ရှိသည့်ရှင်းဟူက ယခုတွင်မူ ဖရိုဖရဲနှင့် မျက်နှာရှိသွေးစက်အချို့က စွန်းထင်နေတာကြောင့် avi မျက်စိထဲဘယ်လိုမှ ဖြူစင်ရိုးသားမနေတော့ပါပေ။
ရှင်းဟူရဲ့အနောက်တွင် ထိုင်ခုံတွင်ထိုင်လျက်ရှိသည့် သူ့ဆရာတူအစ်ကိုရှိနေပြီး avi ကိုပြုံးပြကာ သူ့ဘေးတွင်ထိုင်ရန် လက်ယပ်ခေါ်နေ၏။

avi ထိုခုံသို့သွားထိုင်ပြီးသည်နှင့် ဆရာတူအစ်ကိုက အဝတ်ဖြူတစ်ခုဖြင့် avi မျက်နှာရှိ သွေးစက်အကျန်များကို တယုတယ သုတ်ပေးနေခဲ့သည်။avi မျက်နှာကိုသုတ်ပေးနေသည့်လက်တစ်ဖက်ကို ရှောင်ဖယ်လိုက်ပြီးရှင်းဟူဘက်သို့ကြည့်လိုက်ပြီး သစ္စာဖောက်ခံလိုက်ရသည့်လေသံအနည်းငယ်စွတ်လျက်

" ငါက မင်းကို အမြဲတမ်းငါ့ရဲ့တပည့်ဖြစ်နေမယ်လို့ထင်ခဲ့တာ "

" ကျွန်တော်က အမြဲရှစ်စွမ်းတပည့်ပါဘဲ "

ရှင်းဟူရဲ့မူလလေသံက မပျက်ယွင်းသေးဘဲ ပုံမှန်အတိုင်း ပင်avi ကို ပြောဆိုဆက်ဆံနေသည်။
အလွန်လိမ္မာသည့်တပည့်တစ်ယောက်လို ၊ သူ့ကိုလည်းအလွန် ချစ်ခင်သည့်ဆရာတစ်ယောက်လို ။avi ဒေါသထွက်စွာဖြင့် စားပွဲခုံပေါ်တင်ထားသည့် ရေနွေးခွက်ကို ကျောက်ဂူနံရံသို့ပစ်ပေါက်လိုက်ပြီး

Resinner : Resystem ( Complete )Where stories live. Discover now