8:31

1.7K 293 4
                                    

8:31

Aviဟောခန်းမှထွက်ခွာသွားမည့် အချိန်အခိုက်
အတန့်မှာတင် ခေတ္တရပ်တန့်လိုက်တာကြောင့် သူ့ဘေးရှိ မီးလျှံပျက်သုဥ်းတောင်ကိုခေါ်ဆောင်သွားရန် ရှိနေသည့် ဟွားလျန်ဂိုဏ်းမိန်းမပျိုလေးနှစ်ဦးပါ ရပ်တန့်လိုက်ကြသည်။

" အဆိပ်သခင်ကျန်းက ဘာများ ပြောစရာကျန်သေးလို့လဲ "

Avi ထိုအဖိုးကြီးရဲ့အမေးကိုခေါင်းခါပြကာ ကျယ်လောင်သောအသံဖြင့် နောက်တစ်ကြိမ် သာမန်ကာလျှံကာ ဝေ့ဝဲကြည့်လိုက်ကာ

" ရှစ်စွမ်း...ရှစ်စွမ်းတပည့်အငယ်ဆုံးလေး
အဖမ်းခံရတာကို ဒီအတိုင်းရပ်ကြည့်နေတော့မှာလား "

" ရှစ်စွမ်း...သူပြောနေတာ ဘယ်ရှစ်စွမ်းလဲ ငါ့ကိုနတ်သခင် ဒီကိုရောက်နေတယ်လို့တော့မပြောကြနဲ့နော် "

တိတ်ဆိတ်သွားသည့်လူအုပ်ကြီးမှ ခဏအတွင်း တီးတိုးပြောသံတွေ ဖြင့်ပြည့်နှက်သွားကာ နေရာအနှံ့မှ အံ့သြတကြီး ရေရွတ်သံတွေပါ ထွက်ပေါ်လာခဲ့သည်။

" အဆိပ်သခင်ကျန်းက ဒုက္ခရောက်တဲ့အခါမှ ရှစ်စွမ်းဖြစ်တဲ့ နတ်သခင် ကို သတိတရ ဖြစ်သွားတယ်ထင်ပ "

လျန်ဖန်ရှင်းရဲ့ ပြန်ဆယ် စကားက လှုပ်ရွနေသော လူအုပ်ကြီးကို အနည်းငယ်သက်ရောက်မူရှိသွားခဲ့သော်ငြား avi ကမူ လျန်ဖန်ရှင်းကို လျစ်လျူရှုလျက်ရှိနေသည်။ ပြီးနောက် အားလုံး၏ အလယ်နေရာတွင်ရပ်နေသော လွီရီဝေမှ avi ရှိသည့်နေရာသို့ ဆင်းလာကာ

" ရှစ်စွမ်းဒီမှာရှိနေရင်လည်း ပုန်းမနေပါနဲ့တော့ ၊
ရီမော့အတွက် တရားမျှတမူကို ဒီတပည့်နဲ့အတူတကွ ရှာဖွေဖြေရှင်းပေးပါ "

လွီရီဝေက ဟောခန်းတစ်ခုလုံးကို တစ်ပတ်ပတ်
လှည့်ကာ ပြောလိုက်သည့်အတွက်ကြောင့် နတ်သ
ခင်ဟွမ်းရီ ဘယ်နေရာမှ ရှိမှန်း အတိအကျမသိသည့်ပုံရသည်။ ထို့အတူ အဆိပ်သခင်ကျန်းသည်လည်း လွီရီဝေပုံစံအတိုင်းပင် ၊ဟောခန်းတစ်ခုလုံးကို ဝေ့ကြည့်လျက် ပင် တရားခံဖမ်းသလို ပိုက်စိပ်တိုက်ရှာနေသည်။ အချိန်ကြာတာတောင် ထွက်မလာသည့်အတွက်ကြောင့် ထွက်ပြေးရန်အတွက်ဉာဏ်ဆင်နေခြင်းဟုသတ်မှတ်လိုက်ကြပြီး အလိုအလျောက် avi တို့ ထွက်ပြေးမည့်လမ်းကို ပိတ်ဆို့လိုက်ကာ တားဆီးလိုက်ကြသည့်အတွက် ခုနကအတိုင်း ထွက်ပေါက်မရှိအောင် အဝိုင်းခံထားရသည်။

Resinner : Resystem ( Complete )Where stories live. Discover now