5:2

6.7K 1K 48
                                    

Avi အခုရောက်နေတဲ့ နေရာကလုံးဝကိုစိတ်ပျက်စရာပင်။သွေးရှိမှအသက်ဆက် ရှင်နိုင်မဲ့သူတွေလည်းရှိသလို အမြဲတမ်း အချိန်တိုင်းလိုလို ကြမ်းကြုတ်ရက်စက်နေတဲ့ သမန်းဝံပုလွေတွေလည်းရှိနေသည်။

" ငါမေးနေတယ်လေ Protection Spell ကိုဘယ်လိုလုပ်ရလဲလို့ "

Avi သတိပြန်ဝင်လာတဲ့အချိန် ဘေးနားက လူတွေကိုကြည့်လိုက်သည့်အခါ သူ့ကို လှောင်ပြောင်သည့်မျက်လုံးများဖြင့်
ဝိုင်းကြည့်နေကြပြီး သူ့ကိုလည်း လှောင်ရယ်နေကြသည်။

ဝိုင်းကြည့်နေရခြင်းက စာမေးခံနေသောကြောင့်ဖြစ်ပြီး လှောင်ရယ်နေရခြင်းက ကျောင်းသားသစ်ဖြစ်သည့် black sheep တစ်ကောင်အသုံးမကျခြင်းကို တိုက်ရိုက် ကြည့်နေရခြင်းကြောင့်

" မင်း ဒါတောင်မသိဘူးလား ဒါကိုဘယ်သူသွားမေးမေးသိတယ် ၊မင်းလို black sheep တစ်ကောင်က "

" နေစမ်းပါဦး "

Avi လျော့ကျနေသည့်မျက်မှန်ကို လက်ခလယ်ဖြင့် အသာပင့်လိုက်ပြီး ကျောင်းအုပ်ဆရာကြီးကို မျက်လုံးချင်းဆိုင်ကာ ကြောက်ရွံ့ခြင်း အနည်းငယ်တောင်မရှိဘဲ ပြန်ပြောလိုက်သည်။

" ကျွန်တော်မရဘူးလို့ ကျောင်းအုပ်ဆရာကြီး
ကိုပြောရသေးလို့လား "

ထို့နောက်Avi ဆက်ပြောကာ

" Protection Spell ကို ပြုလုပ်တဲ့အခါ ဆား ၊ဖယောင်းတိုင်အဖြူ ၊Cystal ကျောက်တစ်ခု ၊ရေ လိုတယ်။ပထမဆုံးအနေနဲ့ ဆားကို ရေနဲ့ရောစပ်ပြီး ဆားရည်ရစေမယ် ။အဲ့ဒီဆားရည်နဲ့ လက်ကိုသန့်စင်အောင် ပွတ်ပြီးသွားရင် Crystal ကျောက်ကို လက်မှာတင်ထားပြီးSpell 5ကြောင်းကို ရွတ်ပေးရမယ်။ ပြီးသွားရင်အဲ့ဒီကျောက်လေးကို ကိုယ်နဲ့မကွာဆောင်ထားရမယ်၊ အဲ့လိုဆောင်ပေးခြင်းအားဖြင့် ကိုယ့်ကိုအမြဲကာကွယ်ပေးနေလိမ့်မယ်။ Spell ကိုအသေးစိတ်ပြောပြစရာလိုသေးလား ဆရာကြီး "

" ရတယ်မလိုဘူး ထိုင်တော့ "

ဒီလို လူတိုင်းသိသည့် မဖြစ်စလောက်
Protection Spell သေးသေးလေးကိုမေးပြီး အရှက်ခွဲတယ်ဆိုကတည်းက
ဒီ Avi ဘယ်လောက်တောင်အနိုင်ကျင့်ခံရလဲဆိုတာ သိသာနေပြီဖြစ်သည်။
တော်သေးသည်က သူ့ System မှ မှော်ပညာ သင်ပေးလိုက်သည်ကိုပဲကျေးဇူးတင်ရမည်။
သူ့အတွက်ကတော့ ဒါတွေက အရမ်းလွယ်နေတယ်။

Resinner : Resystem ( Complete )Where stories live. Discover now