7:11

2.7K 472 0
                                    

Arc 7:11

ဒါဆို... ငါတို့က အစကတည်းက အဲ့ကပ်ပါးကောင်လှည့်စားတာကိုခံနေရတာပေါ့ ။ ဒေါသထွက်လိုက်တာ ။

" အစက ငါဒီကိုလာတာ မင်းခန္တာကိုယ်ကို ယူချင်လို့ ၊ ဒါပေမဲ့အခုငါယူလို့မရဘူးဆိုတော့လည်း နောက်မှပေါ့ ၊အချိန်တွေရှိနေပါသေးတယ် "

" ဟုတ်တာပေါ့ ရှိသေးတယ်လေ ၊ အဲ့ဒါကြောင့်အခုချက်ချင်း Cathy ကိုလွှတ်လိုက် "

" မလွှတ်ချင်ဘူး "

" သေချင်တာလား "

" ပိုတောင်ဆိုး "

စကားပြောနေရင်းတစ်ဖက်လူကို စိတ်တိုအောင်လုပ်နိုင်တဲ့စွမ်းရည်က ကပ်ပါးကောင်ဆီမှာ အပြည့်အဝရှိနေသည့်ပုံရသည်။

" Cathy ကိုလွှတ်ပေးအောင် ငါဘာလုပ်ပေးရမလဲ "

" စည်းကိုဖျက်ပေး "

" ကောင်းပြီ "

Avi စည်းကိုဖျက်နေရင်း Diana ဓားထောက်ထားသည့် Cathy ကိုလည်း လှည့်ကြည့်ရသေးသည်။ အခြေအနေဆိုးတစ်ခုကိုကြုံနေရတဲ့အတွက် Cathyအခြေအနေ မကောင်းမှာကိုစိုးရိမ်ရသည်။
Diana က Cathy ကိုဓားနဲ့ထောက်လျက်ပင်
ကပ်ပါးကောင် နဲ့ မနီးမဝေးနေရာကို ခေါ်လာသည်။

" မြန်မြန်ဖျက်လေ ၊ ပေါက်ကရအကြံတွေလျှောက်မကြံနဲ့တော့ "

" ဖျက်နေတာဘဲလေ ဆေးက အသေဖြစ်နေတာကို ၊ မြန်မြန်ပြီးချင်ရင်မင်းဟာမင်း တံတွေးစွတ်ပြီးလာဖျက်လိုက် "

" Willy တံတွေးဂလင်းက တံတွေးသိပ်မထွက်ဘူး "

Avi ခြေထောက်မှာထိုးထားသည့် ဓားဆီကိုဘဲ စိတ်ရောက်နေသည်။ ဒီဓားနဲ့ အဲ့ကပ်ပါးကောင်ကိုထိုးပြီး နှုတ်ပိတ်လိုက်ချင်သည်။

" နောက်ဆုံးတော့ပြီးသွားပြီဘဲ ၊ တော်လိုက်တာ Adam လေးက "

Aviကပ်ပါးကောင် စည်းဝိုင်းထဲကထွက်သွား
သည်ကို ဒီတိုင်းရပ်ကြည့်နေရသည်။သူတို့လက်ထဲမှာ Cathy ရှိသည့်အတွက်ထင်သလို
မလှုပ်ရှားရဲပေ။

Cathy သူမကိုသူမ Adam အတွက်အနှောင့်အယှက်တစ်ခုဖြစ်နေမှန်းသိသည်။ ဒါပေမဲ့သူမ အနည်းငယ် ရုန်းတာနဲ့Diana ရဲ့ဓားက သူမလည်ပင်းကိုတစ်ဖြည်းဖြည်းနစ်ဝင်လာတာကြောင့် Diana နဲ့အတူအလိုက်သင့်လှုပ်ရှားပေးနေရတာဖြစ်သည်။

Resinner : Resystem ( Complete )Where stories live. Discover now