8:28

2.3K 382 20
                                    

8:28
Ver_vain

" ဆရာတူအစ်ကို ဘယ်လိုဖြစ်လို့ ဒီလိုတွေဖြစ်ကုန်တာလဲ "

" ရီမော့ ဘာကိုပြောတာလဲ "
Avi မေးသည့်မေးခွန်းကို နားမလည်သည့်ပုံဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်တင်က မေးလိုက်၏။

" မိစ္ဆာနယ်မြေကို ရန်သွားစနေတာလေ "

လွီရီဝေ က အခုမှနားလည်သွားပုံရပြီး ခေါင်းတစ်
ငြိမ့်ငြိမ့်ဖြင့်

" အဲ့ဒါက ဆရာတူအစ်ကိုလည်းမသိဘူး အခြားဂိုဏ်းက အဖိုးကြီးတွေက ဟွမ်းရီဂိုဏ်းကို လာသိမ်းသွင်းကြလို့ ပါတယ်ဆိုရုံလောက်လေး အယောင်လာပြတာပါ "

လွီရီဝေ၏ ကာရိုက်တာ အကျင့်စရိုက်အရ ဒီလိုမျိုး တိုက်ပွဲတွေ ၊ အလုပ်ရှုပ်စေမည့်အရည်မရအဖတ်မရ ဟာတွေကို စိတ်မဝင်စားမှာကျိန်းသေသည်။ သို့သော်ငြား...အဖိုးကြီးတွေက
ဘာမက်လုံးတွေနဲ့ဖြားယောင်းခဲ့တာကြောင့် ဒီကိုရောက်လာရတာပါလိမ့်။ပြူးကြောင်ကြောင်မျက်လုံးတွေကို ဆရာတူအစ်ကို မြင်လိုက်တာကြောင့် ချက်ချင်း သူမေးချင်သည့်အရာကို ခန့်မှန်းမိသွားက

" မင်းမေးချင်တာကိုငါသိပါတယ်၊ ဟွမ်းရီဂိုဏ်းက ဘာကြောင့် ဒီအရှုပ်အရှင်းတွေကြားထဲ ပါလာလဲဆိုတာကိုမလား "

Avi ခေါင်းမြန်မြန်ညိတ်ပြတော့ လွီရိဝေက သက်ပြင်းချလိုက်ပြီး

" ဘာလို့လဲဆိုတော့ မင်းမိစ္ဆာနယ်မြေမှာ ရှိနေတယ်ဆိုတဲ့သတင်းကိုရလို့လေ "

သူမိစ္ဆာနယ်မြေမှာ အဖမ်းခံထားရတဲ့ကိစ္စကို ဆရာတူအစ်ကိုက မဟုတ်သေးဘူး ဟိုအဖိုးကြီးတွေက ဘယ်လိုများသတင်းရသွားတာလဲ ၊

" မိစ္ဆာနယ်မြေမှာ သူတို့ယုံကြည်ရတဲ့သတင်းပေးရှိတယ်လို့တော့ပြောတာဘဲ... အစ်ကိုလည်း မင်းရှိတယ်ဆိုတဲ့သတင်းကို အဖိုးကြီးတွေဆီက ကြားတာနဲ့ ဘာဘာညာညာ မစဥ်းစားတော့ဘဲ ဒီကိုရောက်လာခဲ့တာ ၊ ဒီရောက်ပြီး သိပ်မကြာခင်မှာဘဲ မင်းကိုတွေ့လိုက်တော့ ငါ့မှာ ဝမ်းသာရမလား ၊ဝမ်းနည်းရမလားဆိုတာ မခွဲခြားတတ်တော့ဘူး "

မိစ္ဆာနယ်မြေထဲမှာကျင့်ကြံခြင်းဂိုဏ်းက  သူလျှိုတွေရှိနေတာဘဲ ၊ ဒါပေမဲ့ မကောင်းတာက နတ်ဆိုးဘုရင်ကြီးသူ့ကို သူလျှိုလို့ထင်မြင်သွားခဲ့တာပင်။
အားလုံးထဲမှာ avi မရှင်းလင်းသည့်တစ်ချက်က
ဂိုဏ်းအသီးသီးရဲ့ လူတစ်ယောက်ချင်းဆီက မိစ္ဆာနယ်မြေမှာ သူလျှိုအဖြစ်ဝင်ရောက်နေခြင်းလား ၊ သို့တည်းမဟုတ် ဂိုဏ်းအားလုံး၏ကိုယ်စား အခြားတစ်ယောက်တည်းကသာ သူလျှိုဝင်လုပ်နေခြင်းလား ။

Resinner : Resystem ( Complete )Where stories live. Discover now