8:39

1.6K 273 4
                                    

Avi ထိုဖြစ်ရပ်ကို ထူးဆန်းစွာ ကြောင်ကြည့်နေစဉ်မှာပင် အနောက်ဘက်က​ေန သူ့ကို လွီရီဝေက ဆွဲထူလိုက်ပြီး သူ့အနောက်ဘက်တွင် ထားလိုက်သည်။sinner ကောင်ဝူထျန်းရီမှ ရှင်းဟူကို တွန်းထုတ်လိုက်ပြီး နတ်ဆိုးဘုရင်ဆီပြေးလာကာ ပြတ်သွားသော လက်တစ်ဖက်ကို ယူလိုက်ပြီး ဝူထျန်းရီက သူ့ရဲ့ကိုယ်ပိုင်ချီစွမ်းအင်ကို သုံးပြီး နတ်ဆိုးဘုရင်၏
ပြတ်သွားသည့် လက်အား ပုံမှန်အတိုင်းဖြစ်အောင် ဆက်ပေးခဲ့သည်။ 

' ဒါက ဘယ်လို မျက်လှည့်မျိုးလဲ ' avi ထိုနေရာမှာတင် ဝူထျန်းရီအား ရပ်ကြည့်နေခဲ့သည်။ ဒီလိုမှော်ပညာမျိုးက ဒီ​ ​ကမ္ဘာ
မှာရှိမနေသင့်ဘူးလေ ၊ ဝူထျန်းရီအခြားကမ္ဘာက
တစ်ခုခုကို ဒီကမ္ဘာမှာ အသုံးချနေတာဘဲ ။ထိုလက်တစ်ဖက် တပ်ဆင်ပြီးနောက်တွင် သွေးတွေအစား ဒဏ်ရာမှလျှံကျနေသည့်စိမ်းပြာရောင်အရည်တွေကလည်း တိတ်သွားခဲ့သည်။ နတ်ဆိုးဘုရင်မှ ပြတ်သွားခဲ့သည့် လက်ကောက်ဝတ်အား အခြားလက်တစ်ဖက်ဖြင့်ပွတ်သပ်နေပြီး အထူးအဆန်း
သဖွယ်ကြည့်နေသည့် avi အား

" မင်းသိလား ဒီအတောအတွင်း ငါမင်းပေးခဲ့တဲ့အဆိပ်ကြောင့် သေမလိုဖြစ်သွားခဲ့သေးတယ် "

' အဲ့တော့ ဒီပေါက်တက်ကရနည်းတွေ sinner ကောင်မင်းအပေါ်သုံးတာကို ငြိမ်ခံနေခဲ့တယ်ပေါ့ '

" ဒါပေမဲ့ ငါ ကိုယ်တော်
မေသခဲ့ဘူး၊ ငါကိုယ်တော်မသေခဲ့တဲ့အတွက်
ကြောင့်ဘဲ မင်းလှည့်စားခဲ့တာတွေအတွက်
ပြန်ပေးဆပ်ရမယ် "

နတ်ဆိုးဘုရင်မှ ပြန်လည်ကောင်းမွန်လာသည့် လက်နှင့်အတူ avi ဆီသို့ဦးတည်ကာ တိုက်ခိုက်လိုက်သောကြောင့် လွီရီဝေမှ ရှေ့ကနေ၍ avi အား ကာကွယ်ပေးခဲ့သည်။ ဟွမ်းရီဂိုဏ်းက သူတို့ရှေ့ သူဘယ်လိုပင်နေပြပါစေ ၊

နောက်ဆုံးတွင် avi က အလိုလိုနေရင်းအကာကွယ်ခံလူတန်းစားဖြစ်သွားရသည်။ လွီရီဝေမှ နတ်ဆိုးဘုရင်တိုက်ခိုက်လာသမျှကို တာဆီးနေသည်။ avi ၏အရှေ့နှင့်အနောက်တွင် တိုက်ပွဲနှစ်ခုက ပိုလို့ပြင်းထန်လာခဲ့ပြီး နေရာတိုင်းတွင် အော်သံတွေနှင့် ညည်းညူးသံတွေသာ ပြည့်နှက်နေခဲ့သည်။

Resinner : Resystem ( Complete )Onde histórias criam vida. Descubra agora