10:2

1.3K 197 0
                                    

ဖန်တစ်ရာတေနေတဲ့ နာကျင်မူအကြောင်းတွေကို နောက်တစ်ခေါက်ထပ်ပြောဖို့အတွက် သူပျင်းရိနေပြီဖြစ်တာကြောင့် နာကျင်နေလျှင်နာကျင်နေသည်ဟု မှတ်ကာ သူငြိမ်သာခံနေလိုက်သည်။ ရှည်ရှည်ဝေးဝေး ပြောနေလို့လည်း နာကျင်မူတွေက ပျောက်သွားမှာမှ မဟုတ်တာ။သူအခု နာကျင်နေမူအပြင် နောက်ထပ်သိလိုက်ရတဲ့အရာက ပူနွေးနေခြင်းပင်။ တိုက်ခတ်သမျှလေပူများက သူ့ခန္တာကိုယ်ကို ဖြတ်သန်းသွားသလို သူရပ်နေသည့်နေရာကအစ ပူပြင်းနေသည်။ မွှေးညှင်းပေါက်တစ်ခုချင်းဆီမှ စပ်ဖျဥ်းဖျဥ်းဖြစ်နေမူကိုပါ ခံစားနေရသည်။

မျက်စိတစ်ဆုံးတွင် ပွက်ပွက်ဆူနေသော ချော်ရည်သဏ္ဍာန် ကြက်သွေးရောင်အရည်များက ဆူပွက်နေသလို မီးတောင်သွေးကြောသဏ္ဍာန် ရွှေရောင်တောက်နေသည့် သွေးကြောများကလည်း ကြမ်းပြင်တစ်လျှောက် အက်ကွဲသည့်နေရာများအတွင်း၌ ရွေ့လျားသွားလာနေကြသည်။ သည်ပုံစံက သူနဲ့အရမ်းရင်းနှီးနေသည်။ သည်လိုချော်ရည်ပူတွေ မီးတောင်တွေကို ဘယ်နေရာမှာ သူတွေ့ခဲ့ဖူးပါလဲ ။ အာ...နတ်ဆိုးဘုရင်ကြီးဆီမှာနေတုန်းက တွေ့ခဲ့ဖူးတာပဲ ။

Avi သေးငယ်သော လှုပ်ရှားမူကို ပြုလိုက်သည့်အခါတိုင်း တချွင်ချွင်ဖြင့်မြည်လာသည့် ခြူသံကြောင့် Avi သူ့ခြေထောက်သို့ငုံ့ကြည့်လိုက်သည်။ ဘာမှရှိမနေခဲ့ ။ ထိုနောက် သူလှုပ်ရှားလိုက်သည်။ ခြူသံသည်သူ့ဆီမှ ထပ်မံထွက်ပေါ်လာပြန်သည်။
သို့သော် အကောင်အထည်ကိုမူ အခုထိမတွေ့ရသေး။

Avi အခုသူရောက်နေသည့်နေရာနှင့် ရလာမည့်မှတ်ဉာဏ်များထက်ပိုပြီး ထိုအသံသာကြားပြီးမမြင်ရသည့် ခြူသံကိုသာ ပိုပြီးစိတ်ဝင်စားနေခဲ့သည်။ ဒီအရာက ဘာမှန်းသူမသိသေးပေမဲ့ တော်တော်တော့ ပျော်စရာကောင်းသည့်အရာပင်။ သူတစ်ခါလှုပ်ရှားလိုက်တိုင်း ခြူသံတစ်ချွင်ချွင်သည် သူ့နောက်မှ ကပ်ပါလာခဲ့သည်။ သို့ပေသိ ခိုးကြောင်ခိုးဝှက်လုပ်ရမည့်ကိစ္စများရှိလာလျှင်တော့ ဒီခြူသံထွက်မလာအောင် လုပ်ဖို့ နည်းလမ်းရှာရလိမ့်မည်။

Avi သူရောက်နေသည့် အခန်းထဲကို တစ်ပတ်ပတ်ကြည့်လိုက်သည်။ သူ့ရဲ့ ကိုယ်ပိုင်အနက်ရောင်သမ်းနေသော လ​က်သည်းခွံအရှည်တွေက ဖြူစုတ်နေသော သူ့ရဲ့ လက်ဖမိုးနှင့် ဆန့်ကျင်ဘက်အရာနှစ်ခုလို လိုက်ဖက်နေသည်။ လက်သည်းရှည်တွေ ၊ အင်း...ဒီလောက်ရှည်လျားလှတဲ့လက်သည်းရှည်တွေက ဘယ်နေရာမှာမှ အသုံးချလို့ကောင်းမည်မဟုတ် ။

Resinner : Resystem ( Complete )Where stories live. Discover now