8:12

2K 348 0
                                    

8:12

Ver_vain

( တကယ်လို့အခုချိန်မှာ အဆိပ်ဖြေဆေးကိုတစ်ကူးတစ်က လိုက်မရှာရင်တောင် အချိန်တန်ရင်host လက်ထဲကို ရောက်လာမှာဘဲကို )

' ဟုတ်တယ် ဒါပေမဲ့ အဲ့ဒီအဆိပ်ဖြေဆေးငါ့လက်ထဲရောက်ဖို့ နောက်ထပ်နှစ်နှစ်လောက်ထပ်စောင့်ရဦးမှာလေ '

' နှစ်နှစ်ဆိုတဲ့အချိန်က ငါ့အတွက်တော့အရမ်းများလွန်းတယ် '

' ငါအခု ကျန်းရီမော့ကို အဆိပ်ခတ်ခဲ့တဲ့သူရဲ့ သဲလြန္စကို လိုက်ရှာရမှာ '

' one '

<<ဘာလို့လဲ >>

' ရုတ်တရက်ကြီး ဘာအသံမွ မကြားဘဲ ထွက်သွားလို့လေ '

<< ပြန်လာတာဘဲမဟုတ်လား >>

စကားကို ယတိပြတ်ပြောနေတဲ့ one ကို ဂရုမစိုက်တော့ဘဲ အရင်ကျန်းရီမော့ ကို အဆိပ်ခတ်ခဲ့တဲ့ လူကိုသာ လိုက်ရှာဖို့စိတ်ပိုင်းဖြတ်လိုက်သည်။

အရင်ကျန်းရီမော့ရဲ့မှတ်ဉာဏ်အရဆိုရင်
ထိုလူက အျခား နေရာဒေသက ရှားပါးပစ္စည်းတွေသယ်ဆောင်လာတတ်ပြီး ရို့ဟယ်မြို့တွင် ဈေးမြင့်မြင့်နှင့်ရောင်းချတတ်သည့်သူဖြစ်သည်။

အရင်ကျန်းရီမော့ကိုယ်တိုင်က ထိုလူနှင့်နှစ်ကြိမ်လောက် အရောင်းအဝယ်လုပ်ခဲ့ဖူးသည့်အတွက်
ထိုသူကိုရှာဖွေရန် သူ့အတွက်မခက်ခဲ ။

အရင်ကျန်းရီမော့က ထိုသူဆီကိုလာပြီး အဆိပ်ဖြေဆေးကို ခြိမ်းခြောက်၍တစ်မျိုး ချော့၍တစ်ဖန်အတင်းအကြပ်တောင်းခဲ့ပေမဲ့ တစ္ဖက္လူက အဆိပ်ဖြေဆေးကို ပေးခြင်းမရှိတာကြောင့် ထိုနေရာမှာတင်တိုက်ပွဲ ဖြစ်ခဲ့သေးသည်။

မထင်မှတ်လောက်အောင်ပင်
ထိုအန်းရိလုံက ကျန်းရီမော့ထက်ပင်
ကျင့်ကြံစဉ်မြင့်မားနေသည့်သူဖြစ်ပြီး အပြတ်အသတ်ပင်ကျန်းရီမော့ကိုအနိုင်ရသွားသည်။ထိုအချိန်ကစပြီး ကျန်းရီမော့က မာနထိခိုက်သွားသည့်အတွက်ရော ဖြေဆေးမရနိုင်မှန်းသိသည့်အတွက်ပါ အန်းရိလုံကိုထပ်မရှာတော့ပေ။

ဒါပေမဲ့အရင်ကျန်းရီမော့နှင့်မတူစွာ avi က အန်းရိလုံကို အသေအလဲပင် လိုက်ရှာနေသည်။
အန်းရိလုံက အရှေ့ဘက်ရဲ့အဓိကနေရာ
ဖြစ်တဲ့ရို့ဟယ်မြို့မှာအမြဲရှိမနေတတ်ဘဲ
မိစ်ဆာဂိတ်ဝပွင့်မည့်ရက်အနည်းငယ်အလိုမှ
ရောက်ရှိလာတတ်ပြီး အခြားဒေသက နေသယ်ဆောင်လာသည့်ပစ္စည်းအချို့ကို ရောင်းချတတ်သည်။

Resinner : Resystem ( Complete )Dove le storie prendono vita. Scoprilo ora