Extra 2:1

1.9K 176 25
                                    

အခန်းကျယ်တစ်ခန်း တွင် vain နဲ့အတူ မင်းရတုပိုင်ရှိနေသည်။ မင်းရတုပိုင်သည် ခုံတစ်ခုတွင် ထိုင်နေပြီး ခန္တာကိုယ်နဲ့ခုံနှင့်အတူပူးချည်ထားခြင်းကို ခံထားရသည်။

" အခုမင်းရဲ့ဝိညာဥ်အစိတ်အပိုင်းတွေကိုခွဲပစ်တော့မယ် "

" လုပ်စရာရှိတာသာ မြန်မြန်လုပ် "

Vain သူပြောတာကို လက်ခံသည့်အလား အချိန်ဆိုင်းမနေတော့ပဲ သူ့ရဲ့ခေါင်းထက်သို့
ကိရိယာတစ်ခုကိုတင်လိုက်သည်။

" ​ ဒါက မင်းရဲ့ခန္တာကိုယ်ထဲက ဝိညာဥ်တစ်ခုလုံးကို ထုတ်တာမဟုတ်ဘဲ အပိုင်းအပိုင်းဆီခွဲပြီး ထိခိုက်မူမရှိအောင် ထုတ်ပစ်ရတာဆိုတော့ နည်းနည်းတော့ ခံစားရလိမ့်မယ်။

" ကျုပ်သိပြီးသားပါ "

" စပြီနော် "

ဒါလား ။ ဝိညာဥ်ခွဲထုတ်တာ ။ ဒါဝိညာဥ်ခွဲထုတ်တာမဟုတ်ဘူး ။ နှိပ်စက်နေတာ ။ နှိပ်စက်တာ?ငြိုးမာန်ခနိုင်တုန်းကရော သူဒီလိုနာကျင်အောင်နှိပ်စက်ဖူးခဲ့သည်လား ။
စဥ်းစားရင်းနဲ့ပင်သွေးများကြွတတ်လာသည်။

Vain သည် မင်းရတုပိုင်ရဲ့ ဖြစ်ပျက်နေပုံကို လက်ပိုက်ကာ ကြည့်နေရင်း

" ဒါက နည်းနည်းခက်ခဲတော့မင်းဒီအတိုင်း သုံးရက်လောက်ဆက်နေနေရမယ်"

" သုံးရက်? "

သူရှိနေသည့်နေရာသည် လင်းထိန်နေရာမှ ချက်ချင်းအမှောင်ထုအတိကျသွားခဲ့သည်။
Vain ဒီမှာရှိမနေတော့မှန်းလည်း သိလိုက်ရသည်။ သုံးရက်၊ ဒီလိုနာကျင်မူမျိုးနဲ့သုံးရက်။
တန်ပါတယ်၊ ငြိုးမာန်ခနိုင်အတွက်ဆိုတန်တယ်။

---------------------

အခန်းရဲ့အလယ်တွင် မင်းရတုပိုင်သည်ရပ်နေသည်။မင်းရတုပိုင်သည် ဤသို့မတ်တပ်ရပ်နေဖို့ရာအတွက်တောင်အင်အားအများကြီးသုံးနေရသကဲ့သို့ နွမ်းလျနေသည်။သူသည် ​လေထဲတွင်
မျောနေမတတ် မြောက်ကြွမြောက်ကြွဖြစ်နေသော vain ကိုကြည့်ရင်းဆို၏ ။

" ကျုပ်တကယ် ဒီအရေးမပါတဲ့အရာတွေကိုကြည့်ရမှာလား "

" ဒီပွဲကမင်းရဲ့ပွဲပဲလေ ၊ လက်ခုပ်ထဲသေချာထည့်ထားနိုင်ဖို့ ဒီပွဲကို မင်းသိသင့်တာပေါ့ "

Resinner : Resystem ( Complete )Where stories live. Discover now