10:21

753 138 0
                                    

" မျက်နှာလည်း မကောင်းပါလားZole "

ရေလောင်းပြုစုပေးစရာမလိုသည့် ပန်းပင်များကို ရေလောင်းပေးနေရင်းဖြင့် Avi လှမ်းမေးလိုက်သည်။

" ဒီနေ့နည်းနည်းပင်ပန်းနေလို့ "

" အလင်းနတ်ဘုရားက ပင်ပန်းတတ်မှန်းငါမသိထားခဲ့ဘူး "

" မင်းမသိချင်ယောင်ဆောင်မနေလည်းရတယ် Lynx "

Avi ပန်းပင်ရေလောင်းသည့်ကရားကို ဥယျာဥ်ရဲ့ အုတ်ခုံပေါ်တွင်တင်လိုက်ကာ သူ့အရှေ့ရှိ Zole ကို မော့ကြည့်လိုက်၏ ။Zole ရဲ့မျက်နှာကိုမြင်သည်နှင့် မူလLynx ရဲ့တိုးကန်ထွက်လာသော ဒေါသများကို ဖိနှိပ်လိုက်ရသည်။

" ငါ့ခန္တာကိုယ်ထဲ မင်းထားတဲ့အချုပ်အနှောင်တွေ တစ်ခုပြီးတစ်ခု ပျက်ကုန်တာကို ငါသိပါတယ် မင်းခန္တာကိုယ်လည်း အရင်ကထက်ပိုပြီး အားလျော့လာတယ်ဆိုတာ ငါခန့်မှန်းမိတယ် "

Zole သည် Avi အား ငုံ့ကြည့်နေရင်းနှင့်

" ဒါဆို ဘာလို့ငါ့ဆီကနေ ထွက်မသွားသေးတာလဲ "

" ထွက်သွားလို့ရတယ်လား ၊ ငါကထွက်ပြေးလို့မရဘူးထင်နေလို့ "

" Lynx!! "

Zole ရဲ့ သူ့နာမည်ကို
ဒေါသတကြီးကြိမ်းမောင်းအော်ဟစ်လိုက်သံက နားစည်ကိုတောင် တုန်ခါတော့မတတ်။

" ဘာလဲ!ဘာဖြစ်ပြန်ပြီလဲ! မင်းရဲ့အပြင်ဘက်က ဒေါသတွေကိုငါ့ဆီလာပုံချပြီးတော့... "

Avi စကားအဆုံးမသတ်သေးခင်မှာ Avi ရဲ့ပခုံးပေါ်သို့ညွှတ်ကျလာသည့် Zole ရဲ့ဦးခေါင်းကြောင့် ပြောရမည့်စကားများ ပျောက်ဆုံးသွားခဲ့သည်။

" Zole ... "

Zole သည်ပြန်မဖြေဘဲ သူ့ရဲ့ပခုံးထက်မှာ ခေါင်းမှီထားသည်။ Zole ရဲ့ဗလာလက်နှစ်ဖက်က Avi ရဲ့ပခုံးပေါ်တွင် တင်ထားပြီး Zole ရဲ့အသက်ရှူသံတိုးတိုးအား အတိုင်းသားကြားနေရသည်။

" သူတို့က မင်းကို လိုချင်နေကြတယ် "

" ပေးလိုက်ပေါ့ "

" ပေါ့ပျက်ပျက်နဲ့ "

Zole ရဲ့ဝေဖန်မူအား Avi
တစ်ချက်သာရယ်ကာ တုံ့ပြန်လိုက်သည်။

Resinner : Resystem ( Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ