7:4

3.3K 552 4
                                    

Arc 7:4

Willy ရဲ့ မိဘတွေရောက်လာတာကြောင့် Avi ဆေးရုံစောင့်ရာထူးကနေအလိုလိုကျသွားသည်။ Willy ဆေးရုံတတ်နေတဲ့တစ်လအတွင်း အရာအားလုံးက ပုံမှန်အတိုင်းလိုဖြစ်နေသည်။Diana, Jack, Cath တို့က ဆေးရုံကိုနေ့တိုင်းသွားပြီး Willy ကိုသတင်းမေးသည်။ ဆေးရုံခန်းထဲကြာကြာမနေသည့် Cath က လွှဲလို့ ကျန်တဲ့အရာတွေက ပုံမှန်ဖြစ်နေကျအတိုင်း ပင်။ သူနေ့တိုင်းကျောင်းသွားနေသလို Jack, Diana, Cath တို့ကလည်း နေ့တိုင်းကျောင်းတတ်သည်။ ညနေတိုင်း Willy ဆီသွားသည်။ ဘာအနှောင့်အယှက်မှမရှိ အရမ်း အေးချမ်းနေသည်။ ဒီပုံစံက အရမ်းကို တစ်ခုခုမှားယွင်းနေသည်။

မနက်ဖြန်ဆေးရုံဆင်းရတော့
မည့် Willy အတွက် အထုတ်တွေသိမ်းပေးကာ ပျော်ပျော်ရွင်ရွင် စကားပြောနေကြသည့် Jack နဲ့ Diana ပြီးတော့ Willy အဖေ ၊ Willy အမေကတော့ ဒီကိုရောက်ပြီး တစ်ပတ်အကြာမှာပင် အခြေအနေကောင်းနေသည့် Willy ကိုစိုးရိမ်စရာမရှိဟုဆိုကာ ပြန်သွားခဲ့သည်။အခု Avi လုပ်နေရတာက Willy အတွက် ပန်းသီးအခွံနွှာကာ ပန်းသီးစိတ်ပေးနေရတာဖြစ်သည်။ သူနဲ့ Willy ရဲ့အခြေအနေက အရင်လိုမဆိုးရွားတော့ ၊ ဒါက Avi ဘက်က အလျှော့ပေးခဲ့တာကြောင့်လည်း ဖြစ်လောက်သည်။

" Willy မင်းအတွက် ငါ့ရဲ့လက်ဆောင် "

" ဒါက ဘာလဲ? "

" ဖွင့်ကြည့် မင်းအတွက် ငါ့ရဲ့ဆေးရုံဆင်းလက်ဆောင် "

လက်ဆောင်ဘူးလေးကိုဖွင့်နေရင်း Willy ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို လွတ်မသွားအောင် အကဲဖြတ်နေသည်။ အမှန်တော့အထဲမှာရှိသည်က Cath ပေးလိုက်သည့် အဆောင်ဆွဲကြိုးတစ်ခု ဖြစ်ပြီး ဒီအဆောင်ကိုမြင်လိုက်သည့်အခါ ဖြစ်သွားမည့် Willy ကိုမျက်နှာကိုသူသိချင်သည်။
ဒါပေမဲ့ သူထင်ထားသည်နှင့်ကွဲပြားစွာ ထူးဆန်းသည့်အဆောင်ဆွဲ ကြိုးလေးကို
ကြည့်နေသည့် Willyက

" ဒါကြီးကဘာလဲ Adam "

" ဒါကမင်းကို အန္တရာယ်တွေက ကာကွယ်ပေးနိုင်အောင် ငါကိုယ်တိုင်မှာလာတဲ့ဆွဲ ကြိုး၊ ဒီဆွဲကြိုးကိုမင်းဆွဲထားသရွေ့ အန္တရာယ်ကင်းမယ် "

သူပြောသည့်စကားကို ဖြတ်ပြောလာသည်က Diana

" Jack ကြည့်ပါဦး အန္တရာယ်ကင်းစေမဲ့အဆောင်ဆွဲကြိုးတဲ့၊ အန္တရာယ်တွေက ဘယ်သူ့ကြောင့်ဖြစ်လာတာမို့လို့လဲ ။ ဒါလုပ်ပေးတာနဲ့သူ့အပြစ်တွေကျေပြီလို့ထင်နေတာလားတော့ မသိဘူး ၊ အန္တရာယ်ကင်းစေချင်ရင် အန္တရာယ်ပေးတတ်တဲ့ကောင်က အဝေးမှာနေပေးရမှာမဟုတ်လား "

Resinner : Resystem ( Complete )Where stories live. Discover now