8:22

1.8K 330 3
                                    

8:22
Ver_vain

ထိုမိန်းကလေးရဲ့မျက်ဝန်းတွေက နာကျင်မူကြော့င်မျက်ခုံးတွေတွန့်ချိုးထားသည့်သူ့ကိုကြည့်ရင်းတည်ငြိမ်စွာပင်

" အရင်ရက်​တွေက အသေကောင်လိုနေနေတော့ ရှင်
ဒီလောက်တောင်နာမှန်း မသိခဲ့ဘူး "

ပြောပြီးသည်နှင့် ဧရာမအပ်တစ်ချောင်းက ထွက်ပေါ်လာပြီး စွပ်ခနဲနှင့် သူ့ရဲ့ လက်ကောက်ဝတ်အကြောကို စိုက်ချလိုက်သည်။ အပ်ရဲ့အရွယ်အစားကိုကြည့်ရုံနှင့် ကုသဖို့မဟုတ်ဘဲ လူသတ်ဖို့ဆိုတာကို တန်းပြီးသိနိုင်ပေသည်။ သို့ပေမဲ့ထိုမိန်းကလေးက အေးစက်စက်လေသံကို တစ်ရွေးသားမျှမလျှော့ဘဲ

" စိတ်မပူပါနဲ့ ၊ဒီတစ်ခါမမှားတော့ဘူး အရင်ရက်ကအမှားတွေက အခုထိလက်ပေါ်မှာရှိသေးတော့ အဲ့နေရာကိုရှောင်တိမ်းပြီးထိုးလိုက်ရင် နေရာမှန်ကိုရောက်ပါလိမ့်မယ် "

Avi အလိုလိုပင် ဒီမိန်းကလေးက သူ့ကိုအရင်ရက်တွေက နှိပ်စက်ညှင်းပန်းခဲ့သည့်သူဆိုတာသိရှိလိုက်သည်။ထိုမိန်းကလေး ထိုးလိုက်သည့် နေရာက တိကျမှန်ကန်သွားတာကြောင့် avi ခန္တာကိုယ်ထဲက လှိုက်တတ်လာသည့်အဆိပ်က အရင်လောက်ပိုပြီးပြင်းထန်ခြင်းမရှိတော့ ။ ကြည့်ရသည်မှာ ဒီမိန်းကလေးက သူ့ကို ကူညီပေးနေသည့်ပုံရပြီး အဆိပ်ပြန့်ပွားမူနှုန်းနှေးကွေးအောင်ပြုလုပ်ပေးနေသည်။ သို့ပေမဲ့ သူ့ရဲ့ခန္တာကိုယ်မှာ အဘယ်
ကြောင့်အမည်မသိ အပေါက်ရာတွေ
ရှိနေရတာပါလဲ ။

သိပ်မကြာခင်ပင် avi ရဲ့စိတ်ထဲမှအဖြေကို ထိုမိန်းကလေးက အကြောနေရာမှားစိုက်လိုက်ခြင်းဖြင့်ဖြေကြားပေးလိုက်သည်။လက်တွေခြေတွေ ကိုတုံးတိဖြစ်အောင်အဖြတ်ခံလိုက်ရသလိုခံစားလိုက်ပြီး သူ့ရဲ့လက်တွေခြေတွေရှိမှရှိပါ့ရဲ့လားလို့သံသယဝင်မိတာကြောင့်ကိုယ်တိုင်ထ
ကြည့်မိရသည့်အထိပင်။

နောက်ဆုံးတော့ avi အဖြေမှန်ကို သိရှိလိုက်ရပြီဖြစ်သည်။ဒီမိန်းကလေးက သူ့ကိုကူညီကာ အဆိပ်ကိုတားဆီးပေးနေပါသော်လည်း အတွေ့အကြုံတစ်စက်မှမရှိသည်ကို ထိုမိန်းကလေးလက်ထဲမှာ လူသတ်လို့ရလောက်သည့် အပ်ကိုကြည့်ရုံနှင့်သိနိုင်သည်။ အတွေ့အကြုံမရှိသေးသောကြောင့် ရှိသမျှအကြောကို အပ်နဲ့တွေ့ရာစိုက် ၊ ကံကောင်းထောက်မလို့ ၁၀ချက်မှာ တစ်ချက်က အကြောကွက်တိရှာတွေ့သွားသည်ထင်သည်။avi ရုတ်တရက် သူ့ကိုယ်သူ လူသားအစမ်းသပ်ခံကြွက်လေးတစ်ကောင်အဖြစ်မြင်ယောင်မိသွားသည်။

Resinner : Resystem ( Complete )Where stories live. Discover now