8:38

1.6K 275 0
                                    

လှုပ်ရှားနေသည့် နတ်ဆိုးဘုရင်ကြီးရဲ့သွေးစက်က အသေကောင်ပမာ ပြန်လည်ငြိမ်သက်သွားသည်။
အနည်းငယ် လှုပ်ခတ်ခြင်းတောင်မရှိတော့ပေ၊
တစ်မြန်နေ့က ထည့်ထားသည့် ဖန်ပုလင်းကိုတောင် အက်ကွဲစေခဲ့သူမဟုတ်သည့်အလား ။
Avi ထိုသွေးစက်ကို ပြန်လည်သိမ်းဆည်းထားလိုက်ပြီး အသက်ရှူအောင့်ကာခန္တာကိုယ်အတွင်းရှိ ချီစွမ်းအင်ကို စုစည်းလိုက်ကာ နာကျင်နေသည့်နေရာသို့ ပို့လွတ်လိုက်သည်။

စစ်ခရာသံ ကြားသည်နှင့် ပိတ်ထားသောမျက်လုံးများကိုဖွင့်ကာ အသက်ဝဝရှူလိုက်ပြီး ဟွမ်းရီဂိုဏ်းသားများကို ဦးဆောင်၍ အရှေ့ဆုံးမှ တိုက်ခိုက်သည်။ ဇာတ်လိုက်မဟွားယောင်ယွဲ့ကတော့ အားလုံးထဲတွင်ထင်ရှားစွာရပ်တည်နေပြီး သူမရဲ့ပေါင်ပေါင်ဟု ခေါ်သော ဟိုတစ်ပိုင်း ဒီတစ်ပိုင်းသားရဲကောင်အပြင် avi ကို စစ်ဆေးခဲ့သည့် ဖြူစွတ်နေသော ကြောင်အဖြူကိုပါ ထိန်းချုပ်နေသည်။

ဇာတ်လိုက်မဆိုတော့လည်း သူ့အရောင်အဝါနဲ့သူလာသား၊ တစ်ခါတည်းနဲ့သားရဲနှစ်ကောင်ပိုင်ဆိုင်ရတယ်။ အဖြူရောင်ကြောင်သားရဲမှာတော့ သူ့ရဲ့ အသံလှိုင်းဖြင့် မိစ္ဆာတွေကိုတိုက်ခိုက်နေသည်။ ညောင် ဆိုတဲ့အသံတစ်ခါထွက်တိုင်း သူ့ရှေ့ရှိ မိစ္ဆာတွေအကုန် အဝေးသို့လွင့်ကုန်သည်။ သို့သော် ထိုတိုက်ခိုက်မူက ကျင့်ကြံသူလူသားတွေအပေါ်တော့သက်ရောက်မူမရှိပေ၊ မိစ္ဆာတွေသာ ထိခိုက်နိုင်ခြင်း။ ထိုပေစုတ်စုတ်ကြောင်ဖြူနဲ့ avi အကြည့်ချင်းဆုံသွားခဲ့ပေမဲ့ avi ဘက်က အလျင်ဦးစွာ မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
အကြည့်လွှဲလိုက်သည်။

သူ့ကိုဘယ်သူမဆို သစ္စာဖောက်နိုင်ပေမဲ့ ဒီသွေးစက်တွေကတော့အခုထိ သစ္စာမဖောက်သေး၊ ပူနွေးမူတွေက သူ့ခန္တာကိုယ်တစ်လျှောက် အထက်အောက်စီးဆင်းသွားသည်။ ခန္တာကိုယ်တစ်ခုလုံး အနက်ရောင်ချီတွေဖြင့်ဖုံးလွှမ်းလျက် သားရိုင်းပမာ တိုက်ခိုက်နေသည့် သူတစ်ယောက်ကို အဝေးမှကြည့်ရုံဖြင့် မြင်တွေ့နိုင်ပြီး သူ့ရဲ့အနောက်တွင် ကြက်သွေးရင့်ရောင် ဝတ်စုံဝတ်ထားသည့် လူငယ်လေးတစ်ယောက်ကိုတော့ အစက်အပျောက်သဖွယ် သာ မြင်တွေ့နိုင်သည်။

Resinner : Resystem ( Complete )Where stories live. Discover now